မဇ္ဈိမ
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)သည် လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော် အသီးသီး၌ လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၃၉ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ထိုသို့ ရွေးကောက်ပွဲ ဝင် ရောက် ယှဉ်ပြိုင်သည့်အခါ စီးပွားရေး၊ အလုပ်အကိုင်အခွင့်အလမ်း၊ လူငယ်များ၏ အနာဂတ် စသည့် မူဝါဒ များကို ချပြကာ ရွေးကောက်ပွဲဝင်ကြမည်ဖြစ်သည်။
ထို့ကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် အမှတ်(၂) မဲဆန္ဒ နယ်ကနေ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် မဟန်ဦးခင်ကို မဇ္ဈိမ မီဒီယာမှ အယ်ဒီတာ ချစ်မင်းထွန်း က တွေ့ဆုံ မေးမြန်းထားပါသည်။