တောင်ကိုရီးယားမြို့တော်တွင် စိုးရိမ်စရာဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု

တောင်ကိုရီးယားမြို့တော်တွင် စိုးရိမ်စရာဖြစ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု

 ဩဂုတ် ၁၉ 

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှု ပိုမိုပြင်းထန်လာဟန်ရှိပြီး ဗုဒ္ဓဟူးနေ့ကလည်း ကူးစက်မှုမြင့်မားခဲ့ကာ မတ်လအစောပိုင်းနောက်ပိုင်း ကူးစက်မှုအမြင့်မားဆုံး စံချိန်တင်နေ့တစ်နေ့ဖြစ်ခဲ့သည်။  

တောင်ကိုရီးယားတွင် ဗုဒ္ဓဟူးနေ့က ရာဂဏန်းကူးစက်မှု ခြောက်ရက်ဆက်တိုက်အဖြစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ  ၂၉၇ ဦးရှိခဲ့သောကြောင့် စုစုပေါင်း ရောဂါကူးစက်ခံရသူ ၁၆ ၀၅၈ ဦးနှင့် သေဆုံးသူ ၃၀၆ ဦးရှိသည်ဟု ကျန်းမာရေးအာဏာပိုင်များကပြောသည်။  

ဆိုးလ်နှင့် ပတ်ဝန်းကျင်တွင် ရောဂါကူးစက်မှုအများစုတွေ့ရှိရပြီး အစုလိုက်ကူးစက်မှုများသာတွေ့ရှိနေရသော လူဦးရေ ၂၅ သန်းကျော်ရှိသည့် မြို့တော်နယ်နိမိတ်နှင့် ဝန်းကျင်အတွက် စိုးရိမ်စရာအခြေအနေဖြစ်သည်။  

ယခုသီတင်းပတ်အစောပိုင်းက Nightclub များ၊ ကာရာအိုကေဆိုင်များ၊ စားသောက်ဆိုင်များနှင့်အင်တာနက်ဆိုင်များကို ပိတ်ရန် အစိုးရက ညွှန်ကြားခဲ့ပြီး လူ ၅၀ အထက်စုဝေးခြင်းများနှင့် ဘုရားကျောင်းသို့ လူကိုယ်တိုင်တက်ရောက်မှုများကိုလည်း တားမြစ်ခဲ့သည်။  

လက်ရှိကူးစက်မှုအခြေအနေအတိုင်းဆက်ဖြစ်‌နေခြင်း သို့မဟုတ် ကူးစက်မှုအရေအတွက် ထပ်မံတိုးလာပါက အစိုးရအနေဖြင့် လူမှုအကွာအဝေးစည်းမျဉ်းများကို အမြင့်ဆုံးအဆင့်အထိ သတ်မှတ်နိုင်ဖွယ်ရှိပြီး ကျောင်းများပိတ်ရန်၊  အိမ်မှ အလုပ်လုပ်ရန်နှင့် လူ ၁၀ ဦးအထက်မစုဝေးရန် ညွှန်ကြားမည်ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly