အစ္စရေးနှင့် ယူအေအီးတို့က ပုံမှန် သံတမန် အဆက်အသွယ် ထားရှိမည် 

အစ္စရေးနှင့် ယူအေအီးတို့က ပုံမှန် သံတမန် အဆက်အသွယ် ထားရှိမည် 

ဩဂုတ် ၁၄

အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့က ပုံမှန်သံတမန် အဆက်အသွယ် ထားရှိပြီး ကျယ်ပြန့်သော ဆက်ဆံရေးသစ်ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ကြေညာသည်။ 

ယခု လုပ်ဆောင်ချက်သည် ပါလက်စတိုင်းအရေးမှသည် အီရန်ကို ဆန့်ကျင်သော တိုက်ခိုက်မှုများအထိ အရှေ့အလယ်ပိုင်း ပေါ်လစီများကို ပုံစံပြောင်းလဲခြင်းလည်း ဖြစ်သည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကြားဝင်ကူညီပေးသော ယခု သဘောတူညီချက်အရ အစ္စရေးသည် သိမ်းပိုက်ခံ အနောက်ဖက်ကမ်းတွင် စီစဉ်ထားသော နယ်မြေဧရိယာများ ကျုးကျော်သိမ်းပိုက်ခြင်းကို ရပ်ဆိုင်းရန် သဘောတူသည်။  

ထိုပြင် ယူအေအီး၊ အစ္စရေးနှင့် အမေရိကန်က ပဋိပက္ခများ ဖြစ်ပွားနေရာ အရှေ့အလယ်ပိုင်း၌ အဓိက ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ထားသော ဒေသတွင်း ဩဇာကြီး အီရန်အား ဆန့်ကျင်ရာတွင် အားသစ်လောင်းခြင်းလည်း ဖြစ်သည်။ 

အစ္စရေးသည် ၁၉၇၉ ခုနှစ်က အီဂျစ်နှင့် ၁၉၉၄ ခုနှစ်က ဂျော်ဒန်နိုင်ငံတို့နှင့် ငြိမ်းချမ်းရေးသဘောတူညီချက်များ လက်မှတ်ရေးထိုးထားခဲ့သည်။ သို့သော ယူအေအီးသည် အခြားသော အာရပ်နိုင်ငံ အများစုနှင့်အတူ အစ္စရေးအား အသိအမှတ် မပြုဘဲ လက်ရှိအထိ တရားဝင် သံတမန်ရေးနှင့် စီးပွားရေး ဆက်ဆံမှု မရှိပေ။ 

ယခု သဘောတူညီချက်သည် ပထမ ပင်လယ်ကွေ့နိုင်ငံက ဂျူးနိုင်ငံ၏ ထိုကဲ့သို့သော သဘောတူညီချက်မျိုး ဖော်ဆောင်ရရှိခြင်းပဲ ဖြစ်သည်။ 

ယခု သဘောတူညီချက်သည် သမိုင်းဝင်ဖြစ်ပြီး ငြိမ်းချမ်းရေးဆီသို့ ဦးတည်ကြောင်း ယင်းနိုင်ငံများမှ တာဝန်ရှိသူများက ပြောသည်။ သို့သော် အံ့ဩပုံ ရသော ပါလက်စတိုင်းခေါင်းဆောင်များက နောက်ကျောကို ဓားဖြင့် ထိုးခြင်းအဖြစ် ရှုတ်ချခဲ့သည်။ 

ပူးတွဲထုတ်ပြန်ချက်၌ ထရမ့်၊ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် ယူအေအီး အိမ်ရှေ့မင်းသား ရှိတ်မိုဟာမတ်တို့က ‘အစ္စရေးနှင့် ယူအေအီးနိုင်ငံတို့ကြား ဆက်ဆံရေးများ တင်းပြည့်ပုံမှန် ရောက်ရှိရေးကို သဘောတူညီမှု ရကြောင်း။’ ဆိုထားသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly