မြန်မာနိုင်ငံ အထွေထွေရွေးကောက်ပွဲ ချောမွေ့စွာ ကျင်းပပြီးစီးခြင်းအပေါ် တရုတ်နိုင်ငံက ကြိုဆိုလိုက်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hong Lei က နိုဝင်ဘာ ၉ ရက်တွင် ပြောကြားသည်။
"မြန်မာရဲ့ အိမ်နီးနားချင်းကောင်း နိုင်ငံအနေနဲ့ တရုတ်နိုင်ငံက အမျိုးသားတည်ငြိမ်ရေးချမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးရေးတို့ကို အကောင်အထည်ဖော်နိုင်ရေး ဥပဒေနဲ့အညီ ရွေးကောက်ပွဲပြီးနောက်ပိုင်း နိုင်ငံရေးလုပ်ငန်းစဉ်အားလုံးကို တရုတ်နိုင်ငံက ထောက်ခံအားပေးသွားမှာဖြစ်ပါတယ်။"ဟု Hong က ပြောခဲ့သည်။
မြန်မာအစိုးရ၏ ဖိတ်ကြားမှုအားဖြင့် အထွေထွေရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအတွက် တရုတ်နိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးသံအမတ် Sun Guoxiang ဦးဆောင်သည့် အဖွဲ့ကိုလည်း စေလွှတ်ခဲ့ကြောင်း Hong ကပြောသည်။
"မြန်မာနိုင်ငံက ဆန္ဒအတိုင်း ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ အကူအညီအထောက်အပံ့များကို တရုတ်နိုင်ငံ ဆက်လက်ပေးအပ်သွားရန်လည်း အသင့်ရှိပါတယ်။"ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိရေတွက်ဆဲ မဲရလဒ်အရ ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရဦးဆောင်နေကြောင်း ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။
Ref ; Xinhua