ပြည်ပြေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် ဟောင်ကောင်ရဲ အမိန့်ထုတ်

ပြည်ပြေးတက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးရန် ဟောင်ကောင်ရဲ အမိန့်ထုတ်

ဩဂုတ် ၁

အမျိုးသားလုံခြုံရေး ဥပဒေအား ချိုးဖောက်သည် သံသယဖြင့် ပြည်ပတွင်နေထိုင်နေသော တက်ကြွလှုပ်ရှားသူ ခြောက်ဦးကို ဖမ်းဆီးရန် ဟောင်ကောင်ရဲတပ်ဖွဲ့က အမိန့်ထုတ်ထားကြောင်း တရုတ်နိုင်ငံပိုင်သတင်းဌာနက ဖော်ပြသည်။

သို့သော် အဆိုပါ သတင်းနှင့် ပတ်သက်ပြီး ဟောင်ကောင်ရဲတပ်ဖွဲ့ကမူ ထင်မြင်ချက်ပေးရန် ငြင်းဆန်သည်။

လူငယ်တက်ကြွလှုပ်ရှားသူ အသက် ၁၇ နှစ်အရွယ် နာသန်လောအပါအဝင် တက်ကြွလှုပ်ရှားသူ ခြောက်ဦးကို ဖမ်းမိန့်ထုတ်ထားခြင်းဖြစ်သည်ဟု တရုတ် CCTV ရုပ်သံက ဖော်ပြခြင်း ဖြစ်သည်။

“ပြည်ပကို ထွက်ပြေးတဲ့ ပြဿနာရှာသူခြောက်ဦးကို ဟောင်ကောင်ရဲတပ်ဖွဲ့က တရားဝင်ဖမ်းမိန့်ထုတ်ထားပါတယ်။”ဟု CCTV က ဖော်ပြသည်။

တည်ငြိမ်မှုကင်းမဲ့သော ဟောင်ကောင်တွင် တရုတ်က အမျိုးသားလုံခြုံရေးဥပဒေ ပြဌာန်းပြီးနောက်ပိုင်း ယခုလအတွင်း ဆန္ဒပြလှုပ်ရှားမှုများကို ဖြိုခွင်းမှုများ မြင့်တက်လာသည်။

အဆိုပါ ဥပဒေသည် ခွဲထွက်ရေးလှုပ်ရှားသူများ၊ အကြမ်းဖက်ဝါဒနှင့် နိုင်ငံခြားအင်အားစုများနှင့် ပူးပေါင်းကြံစည်မှုများကို ပစ်မှတ်ထားပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်နိုင်သည့် ဥပဒေဖြစ်သည်။

သို့သော် မူဝါဒများအပေါ် သဘောထားကွဲလွဲသူများကို ဥပဒေလက်နက်ဖြင့် နှုတ်ပိတ်ခြင်းပင် ဖြစ်သည်ဟု ဝေဖန်သူများက ပြောကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly