ဗိုင်းရပ်စ်ထိ၍ စင်ကာပူနိုင်ငံ စီးပွားဆုတ်ကပ် ကြုံ

ဗိုင်းရပ်စ်ထိ၍ စင်ကာပူနိုင်ငံ စီးပွားဆုတ်ကပ် ကြုံ

ဇူလိုင် ၁၅

ကိုရိုနာဗိုင်းရပ်စ်က ကုန်သွယ်ရေးကို မှီခိုနေရသည့် စီးပွားရေးကို ထိုးနှက်ခြင်းနှင့်အတူ စင်ကာပူနိုင်ငံသည် ဖွံ့ဖြိုးနှုန်း၌ ယခင် သုံးလပတ်ကထက် ၄၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ရာ ဒုတိယသုံးလပတ်သည် စီးပွားဆုတ်ကပ်အတွင်းသို့ သက်ဆင်းခဲ့ရသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သည့် ကနဦး အချက်အလက်များအရ သိရသည်။

ဗိုင်းရပ်စ် တိုက်ဖျက်ရေးအတွက် တင်းကြပ်သည့် ဟန့်တားပိတ်ဆို့မှုများ ချမှတ်ခဲ့ရခြင်းကြောင့် တစ်နှစ်တာချင်းအနေဖြင့် စီးပွားရေးမှာ ဧပြီနှင့် ဇွန်လကြားတွင် ၁၂ ဒသမ ၆ ရာခိုင်နှုန်း ကျုံ့သွားကြောင်း ကုန်သွယ်ရေးဝန်ကြီးဌာန အချက်အလက်များအရ သိရသည်။

ထိုအတွက် ဖွံ့ဖြိုးမှု ကျုံ့ခြင်းသည် သုံးလပတ် နှစ်ကြိမ် ဆက်တိုက်ဖြစ်၍ ကမ္ဘာ့၌ စီးပွားရေး အပွင့်လန်းဆုံး တစ်နိုင်ငံဖြစ်သည့် စင်ကာပူအနေဖြင့် ဆယ်စုနှစ်တစ်ခုကျော်တာ ကာလအတွင်း ပထမဆုံးအဖြစ် စီးပွားဆုတ်ကပ်သို့ ကျွံဆင်းသွားခြင်း ဖြစ်သည်။

ဂျီဒီပီ ဖွံ့ဖြိုးနှုန်းတွင် ဒုတိယသုံးလပတ်၌ ယခုကဲ့သို့ ကြီးမားစွာ ကျဆင်းခြင်းညသ် ဧပြီ ၇ ရက်မှ ဇွန် ၁ ရက်အထိ ပြဋ္ဌာန်းခဲ့သော COVID-19 ပျံ့နှံ့မှု နှေးကွေးရေး လုပ်ငန်းစဉ်များကြောင့် ဖြစ်သည်။ ထိုအချိန်က မလိုအပ်သည့် ဝန်ဆောင်မှု အားလုံးနှင့် စက်ရုံအလုပ်ရုံများစွာကို ပိတ်ခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းနေသည့် ကာလအလယ်၌ ပြည်ပဝယ်လိုအား အားနည်းသွားခြင်းသည်လည်း စီးပွားရေး ကျုံ့ရခြင်း၏ အကြောင်းရင်တစ်ရပ်အဖြစ် ပါဝင်နေသည်။

ကမ္ဘာ့ကုန်သွယ်ရေး၏ ကျန်းမာရေးကို တိုင်းတာရာ ဘာရိုမီတာအဖြစ် ရှုမြင်ခံရသော သေးငယ်သော စင်ကာပူနိုင်ငံသည် ပြည်ပရိုက်ခတ်မှုကို အလွန်ကို ထိလွယ်ရှလွယ် ရှိနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly