အာဖရိကတိုက်က ကုန်းတွင်းပိတ် နိုင်ငံတခုဖြစ်တဲ့ Botswana က Okavango Delta အရပ်မှာ ရာနဲ့ချီတဲ့ ဆင်တွေ ပဟေဋိဆန်ဆန် သေဆုံးနေပါတယ်။ ကမ္ဘာပေါ်မှာ ဆင်ကောင်ရေအများဆုံးရှိတဲ့ ဘော့စ်ဝါနာနိုင်ငံမှာ ခန့်မှန်းခြေ ဆင်ကောင်ရေ ၁ သိန်း ၃ သောင်း လောက်ရှိတာပါ။ နိုင်ငံအနောက်မြောက်ပိုင်းက ကျေးရွာ ၂ ခုမှာလည်း မေလထဲ ဆင် ၁၂ ကောင် ပထမဆုံးသေဆုံးခဲ့တာကို တာဝန်ရှိသူတွေ တွေ့ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ AFP သတင်းဆောင်းပါးကို အခြေခံပြီး နန်းလောင်ဝ်က တင်ပြထားပါတယ်။