မိုင်ပေါင်းများစွာ ခရီးနှင်ခြေဆန့်ခြင်း၊ ခရီးတစ်လျှောက် စိတ်ဝင်စားမှုများစွာ တွေ့ရှိခဲ့ရခြင်း၊ သုတေသနစာရွက်များ ရာနှင့်ချီအောင် ပြုစုခဲ့ရခြင်း စသဖြင့် လပေါင်းများစွာ တစ်စိုက်မက်မက် လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးသည့်နောက်တွင်တော့ “စိုက်ကွင်းထဲက ပြောင်းလဲမှုများ”ကို သင်တို့နှင့် ဝေမျှခွင့်ရရှိသည့်အတွက် ဝမ်းသာကြည်နူးမိပါတယ်။ ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မှတ်တမ်းရုပ်ရှင်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်သူလယ်သမားများ၏ ဘဝဇာတ်ကြောင်းနှင့် ရာသီဥတုဖောက်ပြန်လာမှုကြောင့် ကြုံတွေ့လာရသည့် ၎င်းတို့၏ အခက်အခဲများကို စုစည်းတင်ဆက်ပြသထားပါတယ်။