မြေစာပုံပြိုကျမှုကြောင့် သေဆုံးခဲ့သူ ၁၆၉ ဦးထဲမှ ၆၀ ဦးရဲ့ ရုပ်အလောင်းတွေကို သဂြိုလ်

03 July 2020
မြေစာပုံပြိုကျမှုကြောင့် သေဆုံးခဲ့သူ ၁၆၉ ဦးထဲမှ ၆၀ ဦးရဲ့ ရုပ်အလောင်းတွေကို သဂြိုလ်

ဇူလိုင်လ ၂ ရက် မနက်ပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဝှေခါကျေးရွာမှာ မြေစာပုံ ပြိုကျလို့ သေဆုံးခဲ့တဲ့ ရေမဆေးကျောက် ရှာဖွေသူတွေကို ဒီကနေ့ ဝှေခါ သုဿန်မှာပဲ စုပေါင်းသဂြိၤုလ်ခဲ့ပါတယ်။လက်ရှိမှာ ရုပ်အလောင်း ၁၆၉ဦးနဲ့ဒဏ်ရာရရှိတဲ့သူ ၅၀ဦးကျော်ထိရှိနေပါတယ်။ဒီနေ့မှာ ရှာဖွေတွေ့ရှိထားတဲ့ သေဆုံးသူ ၁၆၉ ဦးထဲကနေ ၆၀ ဦးကျော်ကို သဂြိုလ်တာလည်း ဖြစ်ပါတယ်။

တည်းဖြတ် /တင်ဆက် -အောင်ကိုဦး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly