နှာခေါင်းစည်းများ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ကြခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ကာကွယ်နိုင်

နှာခေါင်းစည်းများ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ကြခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကို ကာကွယ်နိုင်

ဇွန် ၁၁

မြောက်မြားစွာသော လူထုက နှာခေါင်းစည်းများ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ခြင်းဖြင့် COVID-19 ကူးစက်မှုကို ထိန်းချုပ်နိုင်သည့် အဆင့်သို့ ရောက်ရှိစေပြီး လော့ဒေါင်းပါ  ချပါက ကပ်ရောဂါဘေး၏ ဒုတိယလှိုင်းကို ကာကွယ်တားဆီးနိုင်လိမ့်မည်ဖြစ်ကြောင်း ဗြိတိန်သုတေသနတစ်ရပ်က ဇွန် ၁၀ ရက်တွင် ဖော်ပြသည်။

လော့ဒေါင်းချခြင်း တစ်ခုတည်းဖြင့် SARS-CoV-3 ကိုရိုနာဗိုင်းရပ်စ် တစ်ကျော့ပြန်ဖြစ်ပွားခြင်းကို ရပ်တန့်နိုင်လိမ့်မည် မဟုတ်သော်လည်း ပြည်သူများအနေဖြင့် အများသူငါ နေရာများတွင် လက်ဖြစ်နှာခေါင်းစည်းများ ဝတ်ဆင်ကြခြင်းကပင် ကူးစက်မှုနှုန်းကို သိသိသာသာ လျှော့ချပစ်နိုင်သည်ဟု ကိန်းဘရစ်ချ်နှင့် ဂရင်းဝစ်တက္ကသိုလ်များမှ သိပ္ပံပညာရှင်များ ဦးဆောင်ပြုလုပ်သော အဆိုပါ သုတေသနက ဆိုသည်။

“ကျွန်တော်တို့ရဲ့ သုတေသနအရ လူတွေ အားလုံးလိုလို နှာခေါင်းစည်းတွေ တပ်ဆင်တာကို အားပေးထောက်ခံပါတယ်။”ဟု ကိန်းဘရစ်ချ်မှ သုတေသနကို ပူးတွဲလုပ်ဆောင်သူ ရစ်ချက်စတက်ခ်က ပြောသည်။

လူခွာနေခြင်းနှင့် လော့ဒေါင်းတစ်ချို့ ချမှတ်ခြင်းနှင့်အတူ နှာခေါင်းစည်းများပါ ကျယ်ကျယ်ပြန့်ပြန့် တပ်ဆင်ကြလျှင် COVID-19 ရောဂါအတွက် ထိရောက်သည့် ကာကွယ်ဆေး မပေါ်သေးသည့် အချိန်တွင် ကပ်ဘေးကို ထိန်းချုပ်ထားနိုင်ကာ စီးပွားရေးများ ပြန်ဖွင့်နိုင်လိမ့်မည်ဟု ၎င်းက ပြောသည်။

အဆိုပါ သုတေသန တွေ့ရှိချက်ကို ‘Proceedings of Royal Society A’ သိပ္ပံရေးရာဂျာနယ်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ကပ်ဘေးသင့်နေသည့် ယခုကာလ၌ အသက်ရှုလမ်းကြောင်းဆိုင်ရာ COVID-19 ရောဂါ ကူးစက်မှု နှေးကွေးစေခြင်းတွင် နှာခေါင်းစည်းများ၏ ထိရောက်မှုနှင့် ပတ်သက်သော သိပ္ပံဆိုင်ရာ သက်သေအချက်အလက်မှာ အကန့်အသတ်ရှိနေပြီး ယခင်က မကြုံဖူးသည့် ယင်းရောဂါနှင့် ပတ်သက်၍လည်း အချက်အလက်များက နည်းပါးသည်။

သို့သော် မကြာသေးသော သီတင်းပတ်များက သုတေသနသစ်အချို့အရ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရောဂါပျံ့နှံ့မှုကို လျှော့ချရာတွင် အများသူငါ နေရာများ၌ လူတိုင်း ချည်ထည်နှာခေါင်းစည်းများ ဝတ်ဆင်ရန် သောကြာနေ့က မှတ်ချက်ပြုပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်ခံရပြီး ရောဂါလက္ခဏာပြမှ နှာခေါင်းစည်း ဝတ်ဆင်ခြင်းထက် အများပြည်သူနေရာများသို့ သွားသည့်အချိန်တိုင်း နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းသည် ဗိုင်းရပ်စ်ကူးစက်မှုနှုန်းကို နှစ်ဆလျှော့ချပစ်နိုင်သည်ဟု ယခု သုတေသနသစ်က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly