အများပြည်သူရဲ့ အကျိုးကို ထိခိုက်နေတာကြောင့် သြဂုတ်လ ၁ရက်နေ့အထိ ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်ထား မှာဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးသိန်းက ပြောပါတယ်။
ဇွန်လ ၁၀ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန မှာ ပြုလုပ်တဲ့ အစိုးရရဲ့ စတုတ္တနှစ် လုပ်ငန်းဆောင်ရွက်ချက်တွေကို ရှင်းလင်းတဲ့သတင်းစာ ရှင်းလင်းပွဲမှာ သတင်းမီဒီယာသမားတွေကို ယခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ရိုက်ကူး / တည်းဖြတ် - သန်းထိုက်အောင်