ဗားဂျီးနီးယားဆန္ဒပြလူအုပ်အတွင်း ကားမောင်းဝင်သူမှာ လူဖြူကြီးစိုးရေးဝါဒီတစ်ဦးဖြစ်

ဗားဂျီးနီးယားဆန္ဒပြလူအုပ်အတွင်း ကားမောင်းဝင်သူမှာ လူဖြူကြီးစိုးရေးဝါဒီတစ်ဦးဖြစ်

ဇွန် ၁၀

အမေရိကန် ဗားဂျီးနီးယားပြည်နယ်၌ လူမျိုးရေးခွဲခြားမှုဆန္ဒပြလူအုပ်အကြား ကားမောင်းဝင်၍ စွဲချက်တင်ခံထားရသူအမျိုးသားမှာ လူဖြူကြီးစိုးရေးဝါဒီအဖွဲ့ (Ku Klux Klan – KKK) မှ ဒေသတွင်းခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပြည်နယ်အစိုးရရှေ့နေများကပြောသည်။

Harry H.Rogers (၃၆ နှစ်) ကို နှောင့်ယှက်ဖျက်ဆီးမှု၊ ဒဏ်ရာအနာတရဖြစ်မှုနှင့် ကြီးလေးသော ဖျက်ဆီးမှု စသည်တို့ဖြင့် အမှုဖွင့်ထားကြောင်း ဟန်နရီကို ကောင်တီရဲဌာနမှ တနင်္လာနေ့တွင် ပြောသည်။

တနင်္ဂနွေနေ့က Richmond မြို့လမ်းမပေါ်၌ လူမည်း ဂျော့ချ်ဖလွိုက်အတွက် တရားမျှတမှုတောင်းဆိုသော ဆန္ဒပြလူအုပ်အတွင်း Rogers က ကားမောင်းဝင်ခဲ့မှုကြောင့် လူတစ်ဦးကို တိုက်မိခဲ့ပြီး ဒဏ်ရာမှာ မစိုးရိမ်ရဟု သိရသည်။  တရားခံ၏ကိုယ်တိုင်ဝန်ခံချက်နှင့် လူမှုမီဒီယာ၏အတည်ပြုချက်အရ တရားခံမှာ ကွန်ဖက်ဒရိတ် (တောင်ပိုင်းခွဲထွက်ရေး) ဝါဒဖြန့်ချိသူဖြစ်ကြောင်း ဟန်နရီကို ဓနသဟာယရှေ့နေ Shannon Taylor က တနင်္လာနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လွန်ခဲ့သောငါးနှစ်က Rogers သည် KKK ဝတ်စုံဖြင့် ကွက်ဖက်ဒရိတ်အလံဝှေ့ယမ်းနေသည့် ဗီဒီယိုကို Richmond CBS ရုပ်မြင်သံကြားနှင့် မိတ်ဖက် WTVR ရုပ်မြင်သံကြားဌာနက ထုတ်လွှင့်ခဲ့သည်။

Rogers တွင် ရှေ့နေ ရှိ/ မရှိကိုမူ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly