လူမျိုးခွဲခြားမှုဆန့်ကျင်ရေးလက်ကမ်းစာစောင်ကပ်သူများအား နှောင့်ယှက်သူ အဖမ်းခံရ

လူမျိုးခွဲခြားမှုဆန့်ကျင်ရေးလက်ကမ်းစာစောင်ကပ်သူများအား နှောင့်ယှက်သူ အဖမ်းခံရ

ဇွန် ၆

ဝါရှင်တန်မြို့ပြင်က စက်ဘီးပတ်လမ်းမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်ကြောင်း ရေးသားထားသည့် လက်ကမ်းစာစောင်များလိုက်ကပ်နေသော ဆယ်ကျော်သက်လူငယ်သုံးဦးကို ကိုယ်ထိလက်ရောက်နှောင့်ယှက်ခဲ့သူ စက်ဘီးသမားတစ်ဦးအား ဖမ်းဆီးပြီး စွဲချက်တင်ထားကြောင်း သောကြာနေ့နှောင်းပိုင်းက တာဝန်ရှိရဲအရာရှိကပြောသည်။

Maryland-National မြို့တော်ပန်းခြံရဲအရာရှိ က အသက် ၆၀ အရွယ်ရှိ Anthony Brennan III ကို ဒုတိယအဆင့် ကိုယ်ထိလက်ရောက်ကျူးလွန်မှု သုံးခုဖြင့် တရားစွဲဆိုထားသည်ဟု ဆိုသည်။

ဗီဒီယိုထဲတွင် အဆိုပါစက်ဘီးသမားက လက်ကမ်းစာစောင်ကိုင်ထားသူအမျိုးသမီးငယ်တစ်ဦး၏ လက်ထဲမှ စာရွက်များဆွဲယူခဲ့သည်။  ထိုဖြစ်ရပ်ကို မှတ်တမ်းတင်နေသူထံကိုလည်း စက်ဘီးတွန်း၍  နောက်မှ ပြေးလိုက်ခဲ့ပြီး လဲကျသွားသည်အထိ ကိုယ်ထိလက်ရောက်ထပ်မံကျူးလွန်ခဲ့သည်။

ရဲထိန်းသိမ်းခံစဉ်သေဆုံးသွားသူ ဂျော့ချ်ဖလွိုက်အတွက် တရားမျှတမှုတောင်းဆိုသော ဆန္ဒပြပွဲများ နိုင်ငံအဝှမ်းဖြစ်ပွားနေစဉ် ၎င်းဗီဒီယိုဖိုင်သည် အင်တာနက်တွင်ပျံ့နှံသွားကာ ကြည့်ရှူသူ သန်းချီရှိခဲ့ပြီး ထိုဖြစ်ရပ်အပေါ် ဒေါသအမျက်ထွက်ခဲ့ကြသည်။

Brennan အနေဖြင့် ဥပဒေအရတင်ပြခွင့်ရှိသည်ဟု ရဲကပြောသော်လည်း Maryland-Nationational ပန်းခြံမှ ပြောရေးဆိုခွင့်ရှိသူ Cpt. Jeffrey Coe က သူ့အနေဖြင့် ဥပဒေအကြောင်းအရာ အသေးစိတ်မသိဟုဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly