နေပြည်တော်၊ မေ - ၃
ရုရှားနိုင်ငံတွင် သင်တန်းတက်နေသော မြန်မာ့တပ်မတော်မှ သင်တန်းသား နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံရကြောင်း တပ်မတော်၏ ယမန်နေ့နေ့စွဲပါ သတင်းထုတ်ပြန်ချက်တွင် ပါရှိရာ ရုရှားရောက် သင်တန်းသားများအကြား ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ငါးဦးရှိသွားပြီဖြစ်သည်။
ရုရှားကျန်းမာရေးဌာန၏ ဧပြီ ၂၈ ရက်နေ့ စစ်ဆေးတွေ့ရှိချက်အရ သင်တန်းသားနှစ်ဦးတွင် COVID-19 ရောဂါတွေ့ရှိခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
ဧပြီ ၂၇ ရက်နေ့က သင်တန်းသား ၃ ဦး COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။
"၎င်းတို့၏ ကျန်းမာရေး အခြေအနေမှာ ထူးခြားသည့် ဖျားနာဝေဒနာခံစားရမှုမျိုးမရှိဘဲ ကောင်းမွန်လျက်ရှိကြောင်း၊ မော်စကိုမြို့ အနီးရှိ လူနာများသီးသန့်ထားရှိသည့် ကျန်းမာရေးစောင့်ရှောက်မှုစင်တာ၌ ရုရှား ကျန်းမာရေးဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း" ထုတ်ပြန်ချက်တွင် ပါရှိသည်။