စပါးအသင်းရဲ့နည်းပြကြီး မော်ရင်ဟိုကတော့ COVID-19 စောင့်ကြည့်ကာလမှာ စပါးကစားသမား အချို့ကို တိတ်တဆိတ်ခေါ်ယူပြီး လေ့ကျင့်ခန်းလုပ်ခိုင်းနေတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့ သတိပေးခြင်းကို ခံခဲ့ရတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။
ဗြိတိန်နိုင်ငံအတွင်း ချမှတ်ထားတဲ့ Lockdown စည်းမျဉ်းတွေကို ချိုးဖောက်ပြီး မော်ရင်ဟိုဟာ သူ့ရဲ့ ကစားသမားအချို့နဲ့အတူ လန်ဒန်ပန်းခြံထဲမှာ လေ့ကျင့်ခန်းလုပ်နေခဲ့တာပါ။
Jose Mourinho and Tottenham stars defy government lockdown with public training session in park. https://t.co/BQZx5JbEz6
— SPORTbible (@sportbible) April 8, 2020
ဒါပေမယ့်လည်း အဲဒါက ဗီဒီယိုဖိုင်တစ်ခုအနေနဲ့ ပေါ်ထွက်လာခဲ့ပြီး မော်ရင်ဟိုဟာ Lockdown စည်းမျဉ်းကို ချိုးဖောက်ခဲ့ရုံသာမက ကစားသမားတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် လုံလောက်တဲ့အကွာအဝေးမှာ ရှိမနေဘူးလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။
ဗီဒီယိုထဲမှာတော့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမားတွေဖြစ်ကြတဲ့ အန်ဒွန်ဘီလီ၊ ဆီဆက်ဂ်နွန်နဲ့ နောက်ခံလူ ဆန်းချက်ဇ်၊ အော်ရဲရားတို့ ပါဝင်နေပြီး သူတို့က တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ပဲ လေ့ကျင့်ခန်း အစီအစဉ်တွေ လုပ်ဆောင်နေတာကို တွေ့ရမှာပါ။
စပါးအသင်းရဲ့ လေ့ကျင့်ရေးဂျာစီတွေ ဝတ်ဆင်ထားခဲ့တာကြောင့် မြင်တွေ့သူတွေက စပါးအသင်းသားတွေ လေ့ကျင့်ခန်းလုပ်နေကြမှန်း သိသွားခဲ့တာဖြစ်ပြီး ဗီဒီယို ရိုက်ကူးထားကာ ဆိုရှယ်မီဒီယာပေါ်မှာ ပြန်လည်ဖြန့်ဝေလိုက်တာပါ။
လက်ရှိအချိန်မှာတော့ လန်ဒန်မြို့အတွင်းမှာရှိတဲ့ ပန်းခြံအများစုကို ပိတ်ထားပြီး ရဲတပ်ဖွဲ့ရဲ့ ကင်းလှည့်ကားတွေကလည်း မြို့အနှံ့ စောင့်ကြည့်နေကြတာပါ။
Just fold now as a club spurs https://t.co/ueg7MXzSbk this is the most disgraceful thing I’ve ever seen
— ThePlugAFC (@ThePlugAFC) April 7, 2020
ရဲတပ်ဖွဲ့ကတော့ လန်ဒန်မြို့သားတွေအနေနဲ့ စည်းကမ်းတွေ လိုက်နာကြဖို့နဲ့ သူတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ပေးကြဖို့ ကြေညာထားပြီး အရေးယူမှုတွေ ပြုလုပ်သွားမယ်ဆိုတဲ့အကြောင်းကိုလည်း အသိပေးထားပါတယ်။
စပါးအသင်းရဲ့တာဝန်ရှိသူတွေကတော့ မော်ရင်ဟိုရဲ့ လေ့ကျင့်ခန်း အစီအစဉ်နဲ့ ပတ်သက်လို့ မှတ်ချက်ပေးခဲ့ခြင်းမရှိပဲ နှုတ်ဆိတ်နေဆဲပါ။
Jose Mourinho faces police warning after training with three Tottenham stars in London park despite coronavirus lockdown pic.twitter.com/nltOsh136C
— The Sports News (@thesportsnewss) April 8, 2020