ဧပြီ ၇
COVID-19 ကူးစက်ခံထားရသည့် ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ရောဂါလက္ခဏာများ ဆက်လက်ပြသနေသဖြင့် ယမန်နေ့ညနေပိုင်းက အထူးကြပ်မတ်ဆောင်သို့ ပို့ဆောင်လိုက်ရကြောင်းသိရသည်။
ဘောရစ်ဂျွန်ဆင်သည် လွန်ခဲ့သော ၁၀ ရက်ခန့်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီး ၎င်း၏နေအိမ်၌ သီးသန့်ခွဲခြားနေထိုင်ကာ လုပ်ငန်းတာဝန်များကို ဆက်လက်ထမ်းဆောင်ခဲ့သည်။
ရောဂါပျောက်ကင်းမှုမရှိသေးသဖြင့် ဆေးရုံတက်ကုသရန် ဆရာဝန်က အကြံပြုရာ ယခုအခါ St Thomas’s ဆေးရုံ အထူးကြပ်မတ်ဆောင်တွင် ကုသမှုခံယူလျက်ရှိသည်။
“ဒီညနေခင်းမှာ ဝန်ကြီးချုပ်ရဲ့ အခြေအနေက ပိုမိုဆိုးရွားလာပါတယ်၊ ဆရာဝန်တွေရဲ့ အကြံပေးချက်အရ ဆေးရုံက အထူးကြပ်မတ်ဆောင်ကို ပို့ထားလိုက်ပါပြီ” ဟု ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုသည်။
ဗြိတိန်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅၁ ၀၀၀ ကျော်ရှိပြီး ၅၃၇၃ ဦးသေဆုံးပြီးဖြစ်သည်။