အာဂျင်တီးနားတိုက်စစ်မှူး ဒီဘာလားက သူဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ တတိယမြောက် ဂျူဗင်တပ်စ်ကစားသမားဖြစ်လာခဲ့တယ်လို့ စနေနေ့က ပြောဆိုသွားပါတယ်။
"ဟိုင်း အားလုံးပဲ၊ ကျနော်နဲ့ အော်ရီယာနာ (သူ့ရဲ့ ချစ်သူ)တို့ Covid-19 ဆေးစစ်ချက်ယူခဲ့ကြပါတယ်။ ရလဒ်ကတော့ ကျနော်တို့ နှစ်ဦး အခု positive ပြနေပါတယ်။ ခင်ဗျားတို့ကို သိစေချင်ရုံသက်သက်ပါ။"လို့ အသက် ၂၆ နှစ်ရှိ ကစားသမားက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။
"ကံကောင်းချင်တော့ ကျနော်တို့ ကျန်းကျန်းမာမာ ရှိနေကြပါတယ်။ ခင်ဗျားတို့ရဲ့ message တွေအတွက် ကျေးဇူးပါ။"
Hola a todos, quería comunicarles que acabamos de recibir los resultados del test del Covid-19 y tanto Oriana como yo dimos positivo. Por fortuna nos encontramos en perfecto estado. Gracias por sus mensajes y un saludo a todos pic.twitter.com/g1X1Qtx2S3
— Paulo Dybala (@PauDybala_JR) March 21, 2020
အီတလီချန်ပီယံ ဂျူဗင်တပ်စ်က ဒီဘာလားဟာ ဗုဒ္ဓဟူးနေ့ကတည်းက သီးခြားနေထိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒီဘာလားရဲ့ အသင်းဖော်တွေဖြစ်တဲ့ ရာဂူနီနဲ့ မာတွီဒီတို့ဟာလည်း ရောဂါကူးစက်ခံခဲ့ရပြီး အီတလီနိုင်ငံမှာ ဗိုင်းရပ်စ်ကြောင့် လူ (၈၀၀)နီးပါးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ စီးရီးအေပြိုင်ပွဲအပါအဝင် အီတလီ အားကစားပြိုင်ပွဲတွေအားလုံး ရပ်နားထားပြီး ဧပြီ ၃ ရက်မှာ ပြန်စတင်ဖို့ လျာထားတယ်လို့ သိရပါတယ်။
Ref; AFP