မတ် ၉။ ။ သြစတြေးလျနိုင်ငံမှာတော့ Birdman Rally လို့ လူသိများတဲ့ ပျော်ရွှင်စရာ ပြိုင်ပွဲတစ်ခုကို ယမန်နေ့ မတ်လ ၈ ရက်မှာ အစဉ်အလာမပျက် ကျင်းပခဲ့ရာမှာ လာရောက်ကြည့်ရှုအားပေးတဲ့ ပရိသတ်တွေနဲ့ အထူး စည်းကားခဲ့ပါတယ်။
ပြိုင်ပွဲဝင်တွေဟာ ပုံစံမျိုးစုံနဲ့ ရေထဲကို ခုန်ချရတဲ့ ကစားနည်းတစ်ခု ဖြစ်ပြီး အတော်လေးတော့ ကို့ယို့ကားယားနိုင်လှပါတယ်။
ဒီ Birdman Rally ပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲဝင်တွေဟာ ပုံစံအမျိုးမျိုး တီထွင်ဖန်တီးထားတဲ့ ဂလိုက်ဒါတွေ၊ ဖန်စီဝတ်စုံတွေနဲ့အတူ တံတားအစွန်းတစ်ခုပေါ်ကနေ ပြေးပြီး ရေထဲကို ခုန်ချကြရတာဖြစ်ပါ တယ်။
ပြိုင်ပွဲဝင်တွေဟာ တစ်စက္ကန့်ကြာ ပျော်စရာ အခိုက်အတန့်ကို ရဖို့အတွက် အဲဒီလို တံတားစွန်းပေါ်ကနေ ရေထဲကို ခုန်ချကြတာဖြစ်ပြီး အဲဒီလို ခုန်ချရာမှာလည်း ရေထဲမကျခင် တတ်နိုင်သမျှ လေထဲမှာ ကြာကြာရှိနေအောင် လည်း ကြိုးစားကြပါသေးတယ်။
မဲလ်ဘုန်းမြို့က မြစ်တစ်စင်းမှာ ဒီ ထူးခြားဆန်းပြား ပြိုင်ပွဲကို ယခင်နှစ်တွေကအတိုင်း ကျင်းပခဲ့တာ ဖြစ်ပါတယ်။