ခရစ္စတီယာနို ရော်နယ်လ်ဒိုက ဦးနှောက်အတွင်း သွေးခဲမှုကြောင့် အရေးပေါ်ဆေးရုံတင်ခဲ့ရတဲ့ မိခင်ဖြစ်သူဟာ ကျန်းမာရေးအခြေအနေ ပြန်လည်တည်ငြိမ်နေပြီလို့ ထုတ်ဖော်ရေးသားလိုက်ပါတယ်။
မာရီယာ ဒိုလိုရက်စ် ဒေါ့ဆန်းတို့စ် အေဗီရိုဟာ မက်ဒီရာကျွန်းက ဆေးရုံးမှာ ကုသမှုခံယူခဲ့ပြီးနောက် ပြန်လည်ကောင်းမွန်လာတယ်လို့ ရော်နယ်လ်ဒိုက တွစ်တာကတဆင့် ထုတ်ဖော်ရေးသားခဲ့တာပါ။
ရော်နယ်လ်ဒိုက "ကျနော့်အမေရဲ့ ကျန်းမားရေးအတွက် မက်ဆေ့ချ်ပို့ အားပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။"
"အခုတော့ အမေ့အခြေအနေက တည်ငြိမ်နေပါပြီ။ ဆေးရုံမှာ ပြန်လည်သက်သာလာဖို့ ဆက်လက်ကုသနေပါတယ်။"
"သူမကို ကုသပေးခဲ့တဲ့ ဆေးအဖွဲ့ကို ကျနော်နဲ့ ကျနော့်မိသားစုကလည်း ကျေးဇူးတင်ပါတယ်။"လို့ ရေးသားပြောဆိုခဲ့ပါတယ်။
ရော်နယ်ဒိုဟာ မိခင်ရဲ့ ကျန်းမာရေးအခြေအနေ ဆိုးဝါးခဲ့လို့ ချက်ချင်းဆိုသလို အီတလီကနေ ပေါ်တူဂီကို ပြန်သွားခဲ့တာဖြစ်ပါတယ်။
မိခင်ဖြစ်သူရဲ့ ကျန်းမာရေးပြဿနာကြောင့် ရော်နယ်လ်ဒိုဟာ အေစီမီလန်နဲ့ ကိုပါအီတလီယာဖလားဆီးမီးဖိုင်နယ် ဒုတိယအကျော့ကို လွဲချော်မယ်လို့လည်း နည်းပြ ဆာရီက အတည်ပြုခဲ့ပေမယ့် အဲဒီပွဲစဉ်ကလည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။
အသက် (၆၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာရီယာအေဗီရိုဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်းကလည်း ရင်သားကင်ဆာရောဂါဝေဒနာကို ခံစားခဲ့ရသူဖြစ်ပေမယ့် အဲဒီရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့တယ်လို့ သိရပါတယ်။
Ref; Daily Mail