ဖေဖော်ဝါရီ ၂၀။ ။ ယနေ့ (၂၀.၂.၂၀၂၀)နံနက် ခြောက်နာရီငါးမိနစ်မှစတင်လောင်ကျွမ်းသည့် သံဈေးမီးလောင်မှုတွင် ၈ ဦးဆေးရုံပို့ထားပြီး စိုးရိမ်ရသူမရှိသလိုသေဆုံးသူမရှိကြောင်း မီးလောင်မှုသို့သွားရောက် သတင်းရယူနေသော မဇ္ဈိမသတင်း ထောက်မှသတင်းပေးပို့သည်။
အားမာန်လူငယ် ပရဟိတအသင်း နာယက ကိုကျော်စိုးနိုင်က ''လက်ရှိတော့ ၈ ယောက်ဆေးရုံပို့လိုက်တယ်''ဟုပြောသည်။ကယ်ဆယ်ရေးများဆက်လက်လုပ်ဆောင်နေရသောကြောင့် ဆေးရုံပို့ဆောင်ရသူများ ၏အသက် အရွယ်နှင့် အခြေအနေကို တာဝန်ရှိသူများမှပြောကြားနိုင်ခြင်းမရှိသေးပေ။
ဓာတ်ပုံ - နောင်နောင်
ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ် ၊ (၂) ရပ်ကွက် ၊ လမ်းမတော်လမ်း သံဈေး မီးလောင်မှုမှာ Level - 5 အဆင့်အထိ မီးငြိမ်းသတ်မှုများပြုလုပ်ခဲ့ရပြီး နံနက် ကိုးနာရီခွဲအချိန်အထိ စုစုပေါင်း၈၄ ဦး ကယ်ဆယ်ထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။
ဓာတ်လှေကားအတွင်းနှင့် (၁၀)လွှာတွင် လူများပိတ်မိနေကြောင်း သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးအထူးအဖွဲ့မှ ကယ်ဆယ်နိုင်ရေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရကြောင်းလည်းသိရသည်။
အချိန်နှင့် တပြေးညီဆက်လက်ဖော်ပြပါမည်