လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်းအတွင်း အသက် ၁၈ နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးခွင့်ရရှိသူ လူငယ် မဲဆန္ဒရှင် ငါးသိန်း နီးပါးခန့် ရှိနေတယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးမြင့်နိုင် က ပြောပါတယ်။ ၂၀၁၄ သန်းခေါင်စာရင်း အရ တစ်နိုင်ငံလုံးမှာ အသက် ၁၈ နှစ် မှ ၂၂ နှစ်အရွယ်ရှိ လူငယ် ၄ ဒသမ ၈ သန်းခန့် ရှိနေတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင် ဦးရေရဲ့ ၁၃ ရာခိုင်နှုန်းရှိနေတယ်လို့လည်း သိရပါတယ်။
ရိုက်ကူး / တည်းဖြတ် - နန့်ခိုင်