ဘယ်လ်ဂျီယံက အနုပညာရှင် Delphine Boel ရဲ့ ဖခင်ဖြစ်သူဟာ နန်းစွန့်ခဲ့တဲ့ ဘယ်ဂျီယံဘုရင် Albert II ဖြစ်တယ်လို့ DNA မျိုးရိုးဗီဇစစ်တဲ့အဖြေထွက်တယ်လို့ ရာထူးကအနားယူခဲ့တဲ့ Albert ဘုရင်ရဲ့ ရှေ့နေက ပြောလိုက်ပါတယ်၊ ဒီအကြောင်းကို ကမ္ဘာပေါ်က ထင်ရှားကျော်ကြားသူတွေရဲ့ အကြောင်းတွေကို တင်ပြနေတဲ့ Pop Culture အစီအစဉ်မှာ မအေးသန္တာကျော်က ပြောပြပေးထားပါတယ်၊