ဇန်နဝါရီ ၂၂။ ။ SARS ကဲ့သို့သော ဗိုင်းရပ်စ်ပိုးသစ်ကြောင့် တရုတ်နိုင်ငံတွင် လူကိုးဦး သေဆုံးပြီး ရာပေါင်းများစွာ ကူးစက် နာမကျန်းဖြစ်နေသဖြင့် မြောက်ကိုရီးယားနိုင်ငံက ကာကွယ်တားဆီးရေးအဖြစ် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှုကို တားမြစ်သွားမည်ဖြစ်ကြောင်း အကြီးတန်းခရီးသွားအော်ပရေတာက ပြောသည်။
- တရုတ်တွင် လူကိုးဦး သေဆုံးသည့် ဗိုင်းရပ်စ်ရောဂါပိုးသစ်က အမေရိကန်တွင်ပါ ကူးစက်ဖြစ်ပွားလာ
- တရုတ် ဗိုင်းရပ်စ်ဆန်း ပျံ့နှံ့ကူးစက်မှုကိစ္စ WHO အရေးပေါ်အစည်းအဝေး ခေါ်မည်
တရုတ်အလယ်ပိုင်း ဝူဟန်မြို့တွင် ပထမဆုံး စတင်ဖြစ်ပွားသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ် ကူးစက်မှုကို ထောက်လှမ်းရန် အမေရိကန်အပါအဝင် နိုင်ငံအချို့၌ လေဆိပ်ခရီးသွားများကို စက္ကရင်ဖတ်စစ်ဆေးမှုများ လုပ်ဆောင်နေပြီဖြစ်သော်လည်း မြောက်ကိုရီးယားက ပထမဆုံးအဖြစ် ခရီးသွားများကို တားမြစ်သွားမည်ဖြစ်သည်။
- တရုတ် ဗိုင်းရပ်စ်ဆန်း မြို့ကြီးများဆီ ကူးစက်ပျံ့နှံ့ ၊ နောက်ထပ် လူ ၁၄၀ နီးပါး ထပ်မံကူးစက်ခံထားရ
- SARS ရောဂါပိုးနှင့် ဆက်နွယ်သည့် ရောဂါပိုးဆန်းတစ်မျိုးကြောင့် တရုတ်၌ ဒုတိယမြောက် လူတစ်ဦး သေဆုံးပြန်
ယခု ဖြစ်ပွားပျံ့နှံ့နေသော ဗိုင်းရပ်စ်ပိုးသစ်သည် ၂၀၀၂-၂၀၀၃ ခုနှစ်က တရုတ်ပြည်မကြီးနှင့် ဟောင်ကောင်တို့တွင် လူပေါင်း ၆၅၀ သေဆုံးခဲ့ရသော ပြင်းထန်အဆုတ်ရောင်ရောဂါတစ်မျိုးဖြစ်သော SARS ရောဂါနှင့် မျိုးဗီဇတူညီခြင်းကြောင့် တရုတ်နိုင်ငံအတွင်း သတိပေးတပ်လှန့်နေရသည့် အခြေအနေ၌ ရှိနေသည်။
- ထူးဆန်း နမိုးနီးယားရောဂါ ကူးစက်မှု ဂျပန်တွင် ပထမဆုံး စတင် ဖြစ်ပွား
- ထိုင်းတွင် SARS ရောဂါပိုး မိသားစုဝင် ရောဂါပိုးသစ်တစ်မျိုး ကူးစက်ဖြစ်ပွား
အဆိုပါ ဗိုင်းရပ်စ်ပိုးသစ်ကူးစက်မှုကို ဂျပန်၊ တောင်ကိုရီးယားနှင့် ထိုင်းတို့တွင် ပြီးခဲ့သည့် ရက်ပိုင်းက တွေ့ရှိပြီး လတ်တလော၌ အမေရိကန်၊ ဟောင်ကောင်နှင့် မကာအိုတို့တွင်ပါ ကူးစက်လာသည်ကို ရင်ဆိုင်နေရပြီဖြစ်သည်။
တရုတ်ပညာရှင်များက အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်နိုင်သော ယင်းရောဂါပိုးသည် သန္ဓေပြောင်းနိုင်ပြီး ပျံ့နှံ့ကူးစက်မှု ပိုမိုကြီးထွားလာနိုင်သည်ဟု သတိပေးထားသည်။