ကမ္ဘာ့အင်အားကြီး အမေရိကန်ပြည်ထောင်စုအတွင်း တချို့ဒေသတွေမှာ ကောင်းမွန်တဲ့ ဆက်သွယ်ရေးစနစ် မရှိကြဘူးဆိုတာကိုသိရင် ယုံကြည်ဖို့ ခက်ပါလိမ့်မယ်။ ဒါပေမယ့်လည်း အထူးသဖြင့် အမေရိကရဲ့ လူနေကြဲပါးတဲ့ ဒေသမှာ နေထိုင်ကြသူတွေအပါအဝင် အမေရိကန်အတော်များများမှာ မြန်နှုန်းမြင့်အင်တာနက်၊ မိုဘိုင်းဖုန်း စတာတွေကို တကယ့်ကို မသုံးနိုင်ကြပါဘူး။ အနောက်ဗာဂျီးနီးယားပြည်နယ်တောင်ပိုင်းမှာ နေထိုင်ကြတဲ့ စိုက်ပျိုးရေးသမားတွေ ရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သတ်လို့ VOA သတင်းထောက် Julie Taboh ပေးပို့ထားတဲ့ သတင်းလွှာကို ကိုအောင်အောင်က တင်ပြပေးထားပါတယ်။