ပေကျင်း၊ ဇန်နဝါရီ ၁၄။ ။ တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ရှီးနင်မြို့တွင် ဇန်နဝါရီ ၁၃ ရက်က လမ်းမ၌မြေကျွံကျမှုကြောင့် ခရီးသည်တင်ဘတ်စ်ကားတစ်စီး မြေအောက်ထဲ ထိုးကျခဲ့ကာ ၆ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း သိရသည်။
အဆိုပါမြေကျွံမှုသည် ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲခန့်က ဆေးရုံရှေ့လမ်းမ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဘတ်စ်ကားမှာ မြေကြီးထဲကျွံကျပြီးနောက် ပေါက်ကွဲမှုလည်း ထပ်မံဖြစ်ခဲ့ကာ ၁၆ ဦးကို ဆေးရုံသို့ပို့ဆောင်ထားရသည်။
ကနဦးစုံစမ်းစစ်ဆေးမှုများအရ မိုးရေကြောင့် လမ်းမအောက်တွင်မြှုပ်ထားသောရေပိုက်များပေါက်ကွဲရာမှ မြေကျွံခြင်း ဖြစ်နိုင်သည်ဟုဆိုသည်။
တရုတ်နိုင်ငံတွင် မြေကျွံတွင်းများကို တွေ့ရလေ့ရှိပြီး အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလျင်အမြန်လုပ်ဆောင်ချက်များနှင့် ဆောက်လုပ်ရေးလုပ်ငန်းများကို အပြစ်တင်ကြသည်။
ရှာဖွေကယ်ဆယ်ရေးများပြုလုပ်လျက်ရှိပြီး မြေကျွံရသည့်အကြောင်းရင်းကို စုံစမ်းလျက်ရှိသည်။