အမျိုးသမီးတွေရဲ့ဘဝလုံခြုံရေးဟာ ခြိမ်းခြောက်ခံရမှုတွေ များလာပါတယ်။ လက်ရှိဥပဒေတွေကို ဒီထက်ပိုပြီး သေသေချာချာ ပြဋ္ဌာန်းဖို့ လိုနေပါပြီ။ နောင်လာမယ့် အစိုးရအနေနဲ့ ကျားမတန်းညီမျှမှုတွေ ဘယ်လောက် နားလည်သလဲ။ ဒီစံနှုန်းတွေကို ဘယ်လိုအကောင်အထည်ဖော်မလဲ စသည့်များကို Mizzima Dialogue TV Show အစီအစဉ်မှာ ဆွေးနွေးသွားတာပါ။ အဆိုပါအစီအစဉ်ကို တစ်သီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာညိုညိုသင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်မြင့်မြင့်စိုး၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဇာခြည်လင်း၊ Free Thinker အဖွဲ့မှ ဒေါ်သိန္နီဦးတို့က ဆွေးနွေးထားပြီး မေးမြန်းသူ (facilitator and moderator) အဖြစ် မြန်မာသတင်းစာဆရာ ဦးသီဟစော က ဆောင်ရွက်ထားပါတယ်။
Mizzima Dialogue TV Show: Political and Women
26 October 2015
Mizzima Dialogue TV Show: Political and Women