ဖွံ့ဖြိုးရေးနောက်ကျခြင်းက မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် အားသာချက်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဖွံ့ဖြိုးရေးနောက်ကျခြင်းက မြန်မာနိုင်ငံ ပညာရေးကဏ္ဍအတွက် အားသာချက်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး ( fb )

ရန်ကုန်၊ ဒီဇင်ဘာ ၂၉။              ။ ဖွံ့ဖြိုးရေးနောက်ကျခြင်းက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍအတွက် အားသာချက် တစ်ခုဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊ လေးထောင့်ကန်(တောင်ပိုင်း)ရပ်ကွက်တွင် ဒီဇင်ဘာ ၂၈ ရက် က ပြုလုပ်ခဲ့သော အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း ပန္နက်တင် မင်္ဂလာအခမ်းအနား အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောခဲ့ ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ကျွန်မတို့က အားသာချက် ဘာတစ်ခုရှိလဲဆိုတော့ တစ်နည်း အားဖြင့်ဆိုရင် ဖွံ့ဖြိုးရေး နောက်ကျနေတာ ကျွန်မတို့ရဲ့ အားသာချက်ပဲ ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှု အရှိန်ရှေ့မှာ ရောက်နေတဲ့ နိုင်ငံတွေဟာဆိုရင် တက္ကသိုလ်ပညာရေးစနစ်ကို သိပ်ပြီးအားပေးခဲ့တဲ့ အခါကျတော့ အခုမှ နည်းပညာအားပေးတဲ့ စနစ်ကို ပြောင်းလဲဖို့ဟာ ဒီလောက် မလွယ်ပါဘူး။ ကျွန်မတို့ကတော့ ပညာရေးစနစ်မှာ အင်မတန် လိုအပ်ချက်တွေ များနေတဲ့ အခါ ကျတော့ တစ်ခါတည်း မှန်မှန်ကန်ကန် ဖြည့်ဆည်း ပေးသွားလို့ ရပါတယ်” ဟု ပြောသည်။

နည်းပညာဖြစ်စေ၊ အသက်မွေးဝမ်းကျောင်း ပညာဖြစ်စေ ဘဝတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်နိုင်သည့် အရည်အချင်း မြှင့်တင်ပေးသော ပညာသာ ဖြစ်ကြောင်း၊ နိုင်ငံတကာတွင်လည်း မြန်မာနိုင်ငံနည်းတူ တက္ကသိုလ်ဘွဲ့ရပြီး အလုပ်မရသေးသည့် ကျောင်းသား/သူများ ရှိနေကြောင်း  ၎င်းက ဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ ဒါကြောင့်မို့ သင်တဲ့ပညာနဲ့ ရှိနေတဲ့အလုပ်နဲ့ တိုက်ဆိုင်အောင် ကျွန်မတို့ ဘယ်လို လုပ်ရမလဲဆိုတာ အများကြီး စဉ်းစားရ ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ/ဆရာမများ အဖွဲ့ချုပ်(MIF) ဥက္ကဋ္ဌ စိုင်းခိုင်မျိုးထွန်းကတော့ အစိုးရအနေဖြင့် အခြေခံ၊ အဆင့်မြင့်နှင့် ပုဂ္ဂလိက ဒီကဏ္ဍတွေကို ဟန်ချက်ညီ တိုးတက်စေရန် ပြုပြင်ပြောင်း လဲမှုများစွာ လိုနေသေးသည်ဟု သုံးသပ်သည်။

“ဖွံ့ဖြိုးမှုကိုသွားတဲ့အချိန်မှာ နည်းပညာအခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ အားကောင်းလာနိုင်တယ်။ လူ့စွမ်းအား အရင်း မြစ်ကတော့ အဲတာနဲ့ဆက်နွယ်တဲ့ ကျွမ်းကျင်မှုတွေ ရှိဖို့လိုတယ်။ ကျောင်းစာထဲက စာသင်ခန်းနဲ့တင် မရတော့ပါဘူး။ လုပ်ငန်းခွင်နဲ့ဆက်နွယ်တဲ့ အသက်မွေးဝမ်းကျောင်း ပညာရေးက အင်မတန်မှ အရေးကြီးလာပါလိမ့်မယ်” ဟု  ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်ကို အင်မတန်ခိုင်မာသည့် အသက်မွေးဝမ်းကျောင်း ပညာရေးကျောင်းများ၊ ပညာသင် ဌာန များနှင့် တည်ဆောက် သွားမည်ဖြစ်ကြောင်း၊ အသက်မွေးဝမ်းကျောင်း ပညာရေးသည် တက္ကသိုလ်ပညာရေး စနစ် နည်းတူ တန်ဖိုးရှိရာ သာသည်နာသည် ပြော၍မရကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ပန္နက်တင် မင်္ဂလာ အခမ်းအနား ပြုလုပ်ခဲ့သည့် တောင်ဒဂုံရှိ အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သင်တန်းကျောင်းတွင် သင်ကြားပေးမည့် ဆရာ/ဆရာမများအား ဖင်လန်နိုင်ငံသို့ ပညာသင် စေလွှတ်သွားမည်ဖြစ်ပြီး တိုင်းရင်းသားဒေသများမှ ကျောင်းသားများကို ဦးစားပေး လက်ခံသ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required