ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌ ဘာတိုမူဟာ စီနီယာအသင်းကြီးရဲ့ ကစားသမားတစ်ယောက်ချင်းစီကို မထင်မှတ်ထားတဲ့ ခရစ္စမတ်လက်ဆောင်အဖြစ် iPhone 11 Pro Max ကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
Apple iPhone 11 Pro Max ဟာ လက်ရှိစျေးကွက်မှာ ခန့်မှန်းခြေ ယူရို (၁၇၀၀) တန်ကြေးနဲ့ စျေးအမြင့်ဆုံး မိုဘိုင်းဖုန်းတွေထဲက တစ်ခုဖြစ်ပြီး ဖုန်းရဲ့ နောက်ကျောဘက်မှာ ကစားသမားရဲ့ နာမည်၊ ကျောနံပါတ်နဲ့ ဘာစီလိုနာကလပ်ရဲ့ အမှတ်တံဆိပ်တို့ ရိုက်နှိပ်ထားပါတယ်။
ဒါ့အပြင် ဘာတိုမူဟာ ဘာစီလိုနာကစားမားတွေကိုသာမက အသင်းအဖွဲ့ဝင်ဝန်ထမ်းတွေအတွက်လည်း နောက်ဆုံးထွက် iPad Pro တွေ လက်ဆောင်ပေးအပ်ခဲ့ပါတယ်။
ဘာတူမိုဟာ ဘာစီလိုနာအသင်းက အလာဗတ်စ်အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရတဲ့ ပွဲအပြီးမှာ အဝတ်လဲခန်းထဲ ရောက်ရှိလာခဲ့ပြီး ဒီလက်ဆောင်တွေကို ပေးခဲ့တာဖြစ်ပါတယ်။
Ref; AS