သံတမန်များ၏ လှုပ်ရှားမှုများ ရွေးကောက်ပွဲကို မထိခိုက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

သံတမန်များ၏ လှုပ်ရှားမှုများ ရွေးကောက်ပွဲကို မထိခိုက်ရန် နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံ အခြေစိုက် ပူးတွဲထမ်းဆောင်သည့် သံတမန်များမှ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာ့မည့်သူများသည် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့်  နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်မည့်သူများ လိုက်နာရမည့် ကျင့်ဝတ်များကို လေးစားလိုက်နာရန်နှင့် သံတမန်များ၏ လှုပ်ရှားမှုများသည် ရွေကောက်ပွဲ၏ တရားမျှတမှုကို မထိခိုက်စေရန် လိုအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အောက်တိုဘာ ၂၃ ရက်က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာ ရွေးကောက်ပွဲ လေ့စောင့်ကြည့်သူများ လိုက်နာရမည့် ကျင့်ဝတ်များ သာမက သံတမန်ဆက် ဆံရေးဆိုင်ရာ ၁၉၆၁ခုနှစ်၊ ဗီယနမ်ကွန်ဗင်းရှင်းပါ အိမ်ရှင်နိုင်ငံ၏ ပြည်တွင်းရေးနှင့် စပ်လျင်းသည့် ပြဌာန်းချက် များကို  တာဝန်ဝတ္တရားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                                                            

ထို့အပြင် အဆိုပါထုတ်ပြန်ချက်တွင် သံတမန်များအနေဖြင့် ရွေးကောက်ပွဲ ကြိုတင် ပြင်ဆင်မှုများကို မြန်မာ့နိုင်ငံအနှံ့ သွားရောက် လေ့လာလျက်ရှိပါကြောင်းနှင့် လေ့လာမှုတွင် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲကော် မရှင်အဖွဲ့ခွဲများ၊ မဲဆန္ဒရှင်များနှင့် တွေ့ဆုံလျက်ရှိကြောင်း၊ တရားမျှတပြီးလွတ်လပ်သည့် ထင်သာမြင်သာရှိသည့် ယုံကြည်ရသည့် ရွေးကောက်ပွဲများကို အေးချမ်းအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် သံတမန်များ အပါဝင် အားလုံး၏ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။                                                                                                                                                    

နိုင်ငံခြားရေးဝန်ကြီးဌာနသည် ကော်မရှင်နှင့်ပူးပေါင်း၍ ပွင့်လင်းထင်သာ မြင်သာရှိသော လွတ်လပ်သော၊ တရားမျှတသော ရွေကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကူညီပံ့ပိုးဆောင်ရွက် လျက်ရှိကြောင်းနှင့် ထိုဆောင်ရွက်ချက်များအနက် မြန်မာနိုင်ငံအခြေစိုက်  ပူတွဲထမ်းဆောင်သည့် သံတမန်များကို ဖိတ်ခေါ်လေ့လာစေသည့် လုပ်ငန်းများပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အောက်တိုဘာ (၂၃)ရက်နေ့က နေပြည်တော်ရှိ Kempinski ဟိုတယ်တွင် ရွေးကောက် ပွဲကျင်းပစဉ် စောင့်ကြည့်လေ့လာမည့်သူများ အဖြစ်ဆောင်ရွက်မည့် သံတမန်များကို အသိပေးရှင်းလင်းရာတွင် ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly