မိုင်ယာမီ၊ ဒီဇင်ဘာ ၆။ ။ ဖလော်ရီဒါပြည်နယ် မိုင်ယာမီအနီးရှိ ကော်ရယ်ဂေဘယ်လ်မြို့မှ လက်ဝတ်ရတနာဆိုင်ကို ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်းက လက်နက်ကိုင် လူနှစ်ယောက် ဝင်ရောက်ဓားပြတိုက်မှုဖြစ်ပွားခဲ့သည်။
ထို့နောက် ဓားပြတိုက်သူများသည် ပစ္စည်းလိုက်ပို့သည့် ကုန်တင်ကားတစ်စီးကို ပြန်ပေးဆွဲသွားပြီး ကားမောင်းသမားကို ဓားစာခံလုပ်လျက် ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားစဉ် ရဲများ နောက်မှထပ်ကြပ်မကွာ လိုက်ဖမ်းခဲ့သည်။
ပြန်ပေးဆွဲခံရသည့် ကုန်တင်ကားနောက်မှ ရဲကားများနှင့် အရေးပေါ်ကားများ မိုင်ဝက်ခန့်လိုက်ပြီးနောက် အဆိုပါကားကို တားနိုင်ခဲ့ကာ ရဲများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုများကြောင့် ဓားပြတိုက်သူ ၂ ဦး၊ ဓားစာခံကားမောင်းသူနှင့် အခင်းဖြစ်ရာနေရာတွင် ရပ်ထားသည့် ကားအတွင်းမှ ပြည်သူတစ်ဦးတို့ သေဆုံးခဲ့သည်ဟု FBI အေးဂျင့် George Piro က ပြောသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/