ဗစ်တိုးရီးယား အမှုမှ စွပ်စွဲ တရားခံအောင်ကြီးသည် ပြစ်မှု ကျူးလွန်နိုင်ခြင်းမရှိဟု သက်သေများထွက်ဆို
*****************************
ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ငဲ့ကွက်ပြီး ဗစ်တိုးရီးယားဟု အမည်ပေးထားသည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုအတွက် စွပ်စွဲတရားခံအောင်ကြီး(ခ)အောင်ေကျာ်မျိုးသည် ပြစ်မှု ကျူးလွန်နိုင်ခြင်းမရှိကြောင်း တရားလိုပြ သက်သေများက ငါးနာရီနီးပါး ကြာမြင့်ခဲ့သည့် ရုံးချိန်းတွင် ထွက်ဆိုခဲ့ကြသည်။
ဒီဇင်ဘာ ၄ ရက်နေ့က ပြုလုပ်သည့် ၁၂ကြိမ်မြောက် ရုံးချိန်းတွင် သက်သေ သုံးဦးကို စစ်ဆေးခဲ့ပြီး Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးနှင့် ဆရာမ တစ်ဦးတို့က ကျူးလွန်နိုင်ခြင်းမရှိကြောင်းထွက်ဆိုခဲ့ကြပြီး ကျောင်းကြိုပို့ ကားပေါ်တွင် လိုက်ပါလာသည့် ဆရာမကမူ စွပ်စွဲတရားခံအောင်ကျော်မျိုး(ခ)အောင်ကြီးကို မသိကြောင်း ထွက်ဆိုခဲ့သည်။
ပြီးခဲ့သည့် မေလ ၁၆ ရက်က Wisdom Hill မူကြိုကျောင်းတွင် တက်ရောက်နေသည့် သုံးနှစ်အရွယ် ကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှုအတွက် ကျောင်းကြီးကြပ်ရေးမှူး၏ ယာဉ်မောင်းဖြစ်သူ ကို စွပ်စွဲတရားခံအဖြစ် ဒက္ခိဏခရိုင် တရားရုံးတွင် စွဲတင်ထားသည့် အမှု ဖြစ်သည်။ လာမည့် ၁၃ကြိမ်မြောက် ရုံးချိန်းကို ဒီဇင်ဘာ ၁၈ ရက်နေ့သို့ ပြန်လည်ချိန်းဆိုထားသည်။
ရိုက်ကူး/တည်းဖြတ်- အောင်မြတ်သူ