ဆေးပညာသင်ကြားမှု သမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေး သုတေသနဌာနဖွင့်လှစ်
*************************************
မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားမှုသမိုင်းတွင် ပထမဆုံးဖြစ်သည့် လေ့ကျင့်သင်ကြားရေးနှင့် သုတေသနဌာနကြီးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ရန်ကုန်ဆေးတက္ကသိုလ်(၁)ဝန်းတွင် ဒီဇင်ဘာလ ၂ ရက် နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက် ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ သုတေသနဌာနအဆောက်အဦကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဆရာဝန် ၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာ ပညာရှင် ၊ ကျန်းမာရေးဝန်ထမ်းများအတွက် နိုင်ငံတကာအဆင့်မီ ဆေးပညာ ကျွမ်းကျင်မှု လက်တွေ့သင်ကြား လေ့ကျင့်မှု နှင့် သုတေသနလုပ်ငန်းများကို စနစ်တကျ ပိုမိုတိုးတက် လုပ်ဆောင် နိုင်မည်ဟု သိရသည်။
သတင်းအပြည့်စုံ - http://www.mizzimaburmese.com/article/63788
ရိုက်ကူး/တည်းဖြတ် - နန့်ခိုင်