အအေးမိဝေဒနာကို ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသမလဲ

အအေးမိဝေဒနာကို ကြက်သွန်ဖြူနဲ့ ဘယ်လိုကုသမလဲ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ကြက်သွန်ဖြူမှာ အဖြစ်များတဲ့အအေးမိဝေဒနာကို ပြင်းထန်မှုလျော့ပါးစေနိုင်၊ ကာကွယ်နိုင်တဲ့ အစွမ်းအာနိသင်ရှိတယ်လို့ သုတေသနနှစ်ခုက ဖော်ပြလာပါတယ်။ ဒါဟာ ကြက်သွန်ဖြူမှာပါတဲ့ ဆာလဖာပါရှိတဲ့ ဒြပ်ပေါင်းတွေရဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့အာနိသင်ကြောင့် ဖြစ်နိုင်ပါတယ်။

ကလေးတွေက တစ်နှစ်ကို အနည်းဆုံး ၆ ကြိမ်မှ ၈ ကြိမ်လောက်အထိ အအေးမိဝေဒနာဖြစ်တတ်ကြပြီး လူကြီးတွေကတော့ ၂ ကြိမ်မှ ၄ ကြိမ်ဖြစ်တတ်ကြပါတယ်။ ပဋိဇီဝပိုးသတ်ဆေးတွေက အအေးမိရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပေမယ့် ခပ်ဝေးဝေးစဉ်းစားစရာမလိုတဲ့ အိမ်သုံးသဘာဝဆေးနည်းတွေ ရှိနေပါတယ်။ မီးဖိုချောင်တိုင်းမှာရှိနေတဲ့ ကြက်သွန်ဖြူကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် လွန်ခဲ့တဲ့နှစ် ၅၀၀၀ ကျော် ကတည်းကအသုံးပြုနေခဲ့ကြတာဖြစ်ပါတယ်။

ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်မှာ အဓိကကျတဲ့ သွေးဖြူဥဆဲလ်တွေကို နှိုးဆွပေးနိုင်ပြီး အဖြစ်များတဲ့ ရောဂါတွေမှာ ခုခံနိုင်စွမ်းကို တိုးမြှင့်ပေးပါတယ်။ သည်နည်းနဲ့ပဲ အအေးမိဝေဒနာကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။
အအေးမိဝေဒနာသက်သာစေဖို့ ကြက်သွန်ဖြူကိုဘယ်လိုစားကြမလဲ
၁) ကြက်သွန်ဖြူကိုအစိမ်းဝါးစားပါ

အခွံခွာပြီးနှစ်ရက်လောက်လေသလပ်ခံဖြန့်ထားတဲ့ ကြက်သွန်ဖြူနှစ်မွှာသုံးမွှာလောက် ဝါးစားပေးပါ။ ခံတွင်းအနံ့ဆိုးကျန်မှာစိုးရိမ်ရင် ကြက်သွန်ဖြူစားပြီးတဲ့အခါ ကော်ဖီစေ့ သို့မဟုတ် လိမ္မော်ခွံကို အနည်းငယ်လောက်ဝါးလိုက်ပါ။
၂) ဟင်းချိုလုပ်သောက်ပါ

ပါဝင်ပစ္စည်းများ –

  •     ကြက်သွန်ဖြူတစ်ဥလုံးကို အခွံနွှာ၊နုတ်နုတ်စဉ်းထားပါ
  •     ကြက်ပြုတ်ရည် ပန်းကန်လုံး ၈လုံး
  •     သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း
  •     ကရဝေးရွက်တစ်ရွက်
  •     စမုန်ဖြူ အနည်းငယ်
  •     ဆားအနည်းငယ်

ပြုလုပ်နည်း-

  •     ပြုတ်ရည်ကို မီးနည်းနည်းနဲ့တည်ပါ။
  •     ပါဝင်ပစ္စည်းအားလုံးထည့်မွှေပြီး ဆူအောင်တည်ပါ။
  •     အပူရှိန်ကိုလျှော့ပြီး ဟင်းရည်ကို မိနစ် ၃၀ လောက်မီးအေးအေးနဲ့တည်ထားပါ။
  •     မြည်းကြည့်ပြီး အရသာပြင်ပါ။

သည်ဟင်းချိုကို တစ်နေ့ပန်းကန်လုံးသုံးလုံးခန့်သောက်ပါ။ ကျန်တဲ့ဟင်းရည်ကိုရေခဲသေတ္တာထဲမှာ သိမ်းထားပြီး နောက်နေ့ ပြန်နွှေးသောက်နိုင်ပါတယ်။
၃) ကြက်သွန်ဖြူလက်ဖက်ရည်

ပါဝင်ပစ္စည်းများ –

  •     ကြက်သွန်ဖြူ ၃ မွှာ
  •     ရေ ၃ ခွက်
  •     ပျားရည် ခွက်တဝက်
  •     လတ်ဆတ်တဲ့သံပုရာရည် ခွက်တစ်ဝက်

ပြုလုပ်နည်း-

  •     ကြက်သွန်ဖြူတွေကို ရေထဲထည့်ပြီးဆူအောင်တည်ပါ။
  •     ဆူရင်မီးပိတ်ပြီး ပျားရည်နဲ့သံပုရာရည်ထည့်ပါ။
  •     အဖတ်တွေဖယ်ပြီး သောက်ပါ။

ကြက်သွန်ဖြူပျားရှာလကာရည်ကို တစ်နေ့ ခွက်တဝက်ခန့် နည်းနည်းချင်းသောက်ပေးပါ။ လည်ချောင်းနာ သက်သာစေပါလိမ့်မယ်။
သိထားသင့်တဲ့ ကြက်သွန်ဖြူရဲ့ဘေးထွက်ဆိုးကျိုးတချို့

    ချွေးနံ့ပြင်းတာ၊ ရင်ပူနာ နဲ့ ဗိုက်အောင့်တာ – ကြက်သွန်ဖြူအစိမ်းစားရင် ဖြစ်တတ်ပါတယ်။ အစာအိမ်နဲ့အူလမ်း ကြောင်းရောဂါရှိသူဖြစ်ရင် အနည်းငယ်လျှော့စားပါ။
    ကိုယ်တွင်းသွေးယိုခြင်းအန္တရာယ် – ကြက်သွန်ဖြူက သွေးကျဲစေတဲ့သဘာဝအာနိသင်ပါရှိတာကြောင့် ကိုယ်တွင်းသွေးယိုခြင်းအန္တရာယ် ပူရတတ်ပါတယ်။ ခွဲခန်းဝင်ရမယ့်သူတွေနဲ့ ကိုယ်ဝန်ဆောင်တွေ၊ warfarin လို ဆေးမျိုးတွေသောက်သုံးနေရသူတွေ သတိထားသင့်ပါတယ်။
    သွေးတွင်းသကြားဓာတ်ကျဆင်းစေခြင်း – ကြက်သွန်ဖြူက အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကို တိုးစေတာကြောင့် သွေးချိုကျဆေးသောက်သုံးနေရသူတွေ သတိထားသင့်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly