MC: ကမ္ဘာတဝှမ်း နိုင်ငံ ၅၉ နိုင်ငံက ခေါင်းဆောင်တွေဟာ အမျိုးသမီးတွေ ဖြစ်ကြပေမယ့် အမေရိကန်ပြည်ထောင်စုမှာတော့ အမျိုးသမီးတွေရဲ့ တက်လမ်းကို နှောင့်နှေးစေတဲ့ မမြင်နိုင်တဲ့ အကြီးမားဆုံး အတားအဆီးတွေ ရှိနေသေးတယ်လို့ ၂၀၁၆ အမေရိကန်သမ္မတအဖြစ် ဝင်အရွေးခံခဲ့တဲ့ Hillary Clinton က ပြောခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာ အရေးအကြီးဆုံး ရာထူးဖြစ်တဲ့ သမ္မတရာထူးကို အမျိုးသမီးတယောက်က ရယူနိုင်ပါ့မလား။ VOA သတင်းထောက် Brian Padden ပေးပို့တဲ့ သတင်းလွှာကို ကိုအောင်ဆွေက ပြောပြပေးပါမယ်။