အီးယူက မြန်မာ့ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်ပြီး ပြည်သူကို ချပြမည်

အီးယူက မြန်မာ့ရွေးကောက်ပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စောင့်ကြည့်ပြီး ပြည်သူကို ချပြမည်

မြန်မာ့ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဥရောပသမဂ္ဂမှရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (EU EMO)မှ စောင့်ကြည့်လေ့လာသွားမည်ဖြစ်ကြောင်း လေ့လာရေးအဖွဲ့ခေါင်းဆောင် ဥရောပပါလီမန်ဒုတိယ ဥက္ကဋ္ဌ Alexander Graf Lambsdorff နေပြည်တော်သို့ ရောက်ရှိစဉ် သတင်းထောက်များကိုပြောသည်။

“အခုလိုမျိုး ကျွန်တော်တို့လာကြည့်တယ်ဆိုပေမယ့် ဒီအဖွဲ့က အမှီအခိုကင်းတဲ့အဖွဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီရွေးကောက်ပွဲကို ဘယ်ဘက်မှလည်း လိုက်မှာ မဟုတ်ပါဘူး၊ ဘယ်လိုနည်း ဘယ်လိုပုံစံမျိုးနဲ့မှလည်း ဝင်ရောက်စွက်ဖက်မှ မဟုတ်ပါဘူး၊ စောင့်ကြည့်လေ့လာရုံသက်သက်ပါပဲ။ ဒီလိုမျိုးရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ဖိတ်ကြားခြင်း ခံရတာကိုလည်း ဂုဏ်ယူပါတယ်" ဟု အောက်တိုဘာလ ၁၉ရက်တွင် Alexander Graf Lambsdorffက ပြောသည်။

မြန်မာ့ရွေးကောက်ပွဲမတိုင်ခင် လက်ရှိအချိန်တွင် လေ့လာရေးအဖွဲ့ခေါင်းဆောင် ဥရောပပါလီမန်ဒုတိယ ဥက္ကဋ္ဌ Alexander Graf Lambsdorff နှင့် လေ့လာရေး သမား(၉)သည် ပြီးခဲ့သည့် စက်တင်ဘာလ၂၅ရက်က ရန်ကုန်မြို့တွင် ရောက်နေပြီး ပြည်ထောင်စု ရွေကောက်ပွဲကေ်ာမရှင်၏ ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲမှုများ၊ နိုင်ငံရေးအရ လွတ်လပ်ခွင့်များနှင့် မီဒီယာ၏ လုပ်ကိုင်ဆောင်ရွက်မှုများ အပါဝင် မြန်မာ့ရွေးကောက်ပွဲကို ရှုထောင့်မျိုးစုံမှ လေ့လာရန် ဆန်းစစ်လျက်ရှိကြောင်း ဥရောပမဂ္ဂ (EU) က သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံသို့ နိုင်ဝင်ဘာလတစ်လလုံး မြန်မာ့ရွေးကောက်ပွဲကို ကာလရှည် စောင့်ကြည့်လေ့ လာရန်အတွက် အီးယူက စောင့်ကြည့်လေ့လာရေးအဖွဲ့(၃၀)ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ(၇) ရက်တွင် ရောက်ရှိပြီး ဖြစ်ကြောင်းလည်း ဥရောပမဂ္ဂ (EU) သတင်းထုတ်ပြန်ထားသည်။

ဥရောပသမဂ္ဂမှရွေးကောက်ပွဲလေ့လာရေးအဖွဲ့ (EU EMO)သည် မြန်မာ့ရွေကောက်ပွဲအပြီး နှစ်ရက်မြောက်နေ့တွင် ရန်ကုန်မြို့တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဖြစ်ပြီး ယင်းသတင်းစားရှင်းလင်းပွဲ၌ ရွေးကောက်ပွဲ တင်မြှောက်ဆိုင်းရာ လုပ်ငန်းများ မပြီးမီ ကနဦး အကဲဖြတ်မှုကို အများပြည်သူအား တင်ပြမည်ဖြစ်သည်။

ဥရောပသမဂ္ဂသည် ထို့သို့ မြန်မာ့ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာရန် မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်ပြီး လေ့လာရေးအဖွဲ့တွင် ဥရောပက ၂၈ဦး၊ နော်ဝေနှင့်ဆွစ်ဇာလန် နိုင်ငံတို့မှ လေ့လာသူပေါင်း (၁၅၀)ဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required