၁၀၅ ကြိမ်မြောက် ရွှေဘိုမြို့ ဘုံမဟာကထိန်ပွဲတော်ကြီး
******************************
ရွှေဘိုမြို့ တစ်မြို့လုံးမှာရှိတဲ့ ပြည်သူတွေ၊ ဌာနဆိုင်ရာတွေ၊ စာသင်ကျောင်းတွေ၊ ရပ်ကွက်ကျေးရွာတွေမှာ တစ်ချိန်ထဲ တစ်ပြိုင်နက်ထဲ ကျင်းပသွားမယ့် ၁၀၅ ကြိမ်မြောက် ရွှေဘိုမြို့ ဘုံမဟာကထိန်ပွဲတော်ကြီး၊ ဘုံကထိန်ပွဲတော်ကြီးအပြင် မီးပုံပျံလွှတ်ပွဲတွေလည်း ကျင်းပသွားမှာပဲဖြစ်ပါတယ်။
ပျော်စရာကောင်းတဲ့ ရွှေဘိုမြို့ ဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ ၇၊ ၈၊ ၉၊ ၁၀ ရက်နေ့များတွင် ကျင်းပပေးသွားမှာဖြစ်တဲ့အတွက် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။