ဗြိတိန် ထရပ်ကားထဲမှ တွေ့ခဲ့တဲ့ အလောင်း ၃၉ လောင်းဟာ တရုတ်လူမျိုးများ ဖြစ်ဟု ပြည်တွင်းမီဒီယာက ဖော်ပြ

ဗြိတိန် ထရပ်ကားထဲမှ တွေ့ခဲ့တဲ့ အလောင်း ၃၉ လောင်းဟာ တရုတ်လူမျိုးများ ဖြစ်ဟု ပြည်တွင်းမီဒီယာက ဖော်ပြ

အောက်တိုဘာ ၂၄။       ။ ဗြိတိန်နိုင်ငံမှာ ထရပ်ကားတစ်စီးထဲကနေ ယမန်နေ့က တွေ့ရှိထားခဲ့တဲ့ လူသေအလောင်း ၃၉ လောင်းဟာ တရုတ်နိုင်ငံသားတွေဖြစ်ကြောင်း ဗြိတိန်မီဒီယာတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၂၃ ရက် လန်ဒန်မြို့အရှေ့ဘက် Grays မြို့မှာ ထရပ်ကားတစ်စီးရဲ့ နောက်တွဲယာဉ်ထဲကနေ ယင်း အလောင်းတွေကို ရှာတွေ့ထားခဲ့တာဖြစ်ပါတယ်။

တာဝန်ရှိသူတွေဘက်ကတော့ အဆိုပါ အလောင်းတွေကို ဘယ်သူဘယ်ဝါ ဖော်ထုတ်နိုင်ဖို့ ဦးစားပေးလုပ်ကိုင်နေလျက်ရှိေကြာင်း Essex ကောင်တီ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

စုံစမ်းစစ်ဆေးမှုတွေအရ လူကြီး အလောင်း ၃၈ လောင်းနဲ့ ဆယ်ကျော်သက် အလောင်း ၁ လောင်း ဖြစ်ကြောင်း သိရပါတယ်။

ယခုကိစ္စနဲ့ပတ်သက်လို့ Essex ရဲ့တပ်ဖွဲ့နဲ့ လန်ဒန်ရှိ တရုတ်သံရုံးတို့က မှတ်ချက်ပေးပြောဆိုခြင်း မရှိသေးပါဘူး။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly