အောက်တိုဘာ ၁၉။ ။ စွန့်ဦးတီထွင်လူငယ်များအတွက် အူရီဒူးမြန်မာ နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် (UNDP Myanmar) တို့ပူးပေါင်းပြီး ဒုတိယအကြိမ်မြောက်အဖြစ် The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အောက်တိုဘာလ ၁၈ရက်နေ့မှ၂၀ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါပြိုင်ပွဲကို မြန်မာနိုင်ငံမှ လူငယ်များဒီဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ဆန်းသစ်တီထွင်နိုင်စွမ်း နှင့်စွန့်ဦး တီထွင်နိုင်စွမ်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။ ထို့အပြင် အဆိုပါပြိုင်ပွဲမှ တစ်ဆင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်သို့ မြန်မာနိုင်ငံအနေဖြင့် ဒီဂျစ်တယ် နည်းပညာ ကို အသုံးပြု၍ ဖန်တီးပုံဖော်နိုင်ရန် လည်းရည်ရွယ်သည်။
အူရီးဒူး မြန်မာရဲ့ CEO ဖြစ်သူ Mr.Rajeev Sethi က “ ဒီပြိုင်ပွဲက ပြည်တွင်းစွန့်ဦးတီထွင် သူတွေ အတွက် ရှေ့ဆက်လှမ်းနိုင်ဖို့ ပေါင်းကူးတံတားအဖြစ် ရည်ရွယ် ဆောင်ရွက်တာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် လူမှုပတ်ဝန်းကျင်ကို အကျိုးဖြစ်ထွန်းစေတဲ့ ဆန်းသစ်တီထွင်ဖန်တီးမှုတွေကို လုပ်ဆောင် နိုင်ဖို့အတွက်အူရီဒူး အနေနဲ့ လူငယ်တွေကိုတိုးတက်အောင် ဒီပွဲနဲ့အတူ ပံ့ပိုးပေးထားတာပါ” ဟုဆိုသည်။
ယင်းပြိုင်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ ပညာရေးကဏ္ဍ နှင့် ရာသီဥတု ပြောင်း လဲမှု ဆိုင်ရာ ကဏ္ဍစသည့် ကဏ္ဍသုံးရပ်အတွက် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများအတွက် ဒီဂျစ်တယ် နည်းပညာပိုင်းဆိုင်ရာ ဖြေရှင်းချက်များကို ဖန်တီးရမည်ဖြစ်သည်။
UNDP ၏ Resident Representative ဖြစ်သူ Mr. Peter Batchelor က”မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေ ၊အထူးသဖြင့် လူငယ်တွေကနေ ဒစ်ဂျစ်တယ် နည်းပညာနဲ့ဒီမှာ အရေးကြီးဖြစ်ပေါ်နေတဲ့ စိန် ခေါ်မှုတွေကို၊ ဘယ်လိုမျိုးရင်ဆိုင်ဖြေရှင်းမလဲဆိုတာမျိုးလေးတွေဖြစ်ပါတယ်။ အဓိကကတော့ အဖွဲ့သုံးဖွဲ့ ရှိပါတယ်” ဟုဆိုသည်။
အဆိုပါ The Hackathon 2019 နည်းပညာဆိုင်ရာ ပြိုင်ပွဲမှာ ဒုတိယအကြိမ်မြောက်ကျင်းပ ခြင်းဖြစ်ပြီး၊ပြိုင်ပွဲတွင် အနိုင်ရရှိသည့်အဖွဲ့များအား ၎င်းတို့ရဲ့စီမံကိန်းများကို ဆက်လက်လုပ်ကိုင်နိုင်ရန် အတွက်ငွေကြေး ထောက်ပံ့မှုများ အပြင် အူရီးဒူး မြန်မာ နှင့် UNDP Myanmar တို့မှ ပူးပေါင်းပြုလုပ်သွားမည့် ဖွံ့ဖြိုးတိုးတက်မှု သင်တန်းများတွင်လည်း တက်ရောက်သင်ယူခွင့် ရရှိမည်ဖြစ်ကြောင်းသိရသည်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/