ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းအဖြစ် ဦးသိန်းစိန်ကိုပဲ ရွေးချယ်ထား

ပြည်ခိုင်ဖြိုးပါတီရဲ့ သမ္မတလောင်းအဖြစ် ဦးသိန်းစိန်ကိုပဲ ရွေးချယ်ထား

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက ပါတီ၏ သမ္မတလောင်းအဖြစ် လက်ရှိသမ္မတ ဦးသိန်းစိန်ကိုသာ ရွေးချယ်ထားသည်ဟု ပါတီ၏ အထွေထွေ အတွင်းရေးမှူး ဦးတင်နိုင်သိန်းက ဘီဘီစီ သတင်းဌာနနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

"ပါတီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တယ်။ နိုင်ငံ့ခေါင်းဆောင်လည်းဖြစ်တယ်။ အားလုံး တစ်နိုင်ငံလုံးကလည်း ချစ်ခင်ကြတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ကလည်း ပါတီ အနိုင်ရတာနဲ့ တစ်ပြိုင်နက် ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ဆက်ပြီးတော့မှ အဆိုပြုပြီး သမ္မတအဖြစ် တင်မြှောက်သွားမှာ ဖြစ်ပါတယ်"ဟု ဦးတင်နိုင်သိန်းက ပြောသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရပါက လွှတ်တော်တွင်း စစ်တပ်ပါဝင်မှုကိုလည်း လျော့ချသွားမည်ဟု ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly