၂၀၂၂ ကမ္ဘ့ာဖလား ခြေစစ်ပွဲ ပွဲစဉ်အဖြစ် ကာဂျစ္စတန်အသင်းနှင့် မြန်မာလက်ရွေးစင်အသင်းတို့ ပွဲစဉ်တွင် မြန်မာလက်ရွေးစင်အသင်းအနေဖြင့် ပေးဂိုး ၇ ဂိုး ဖြင့် ကာဂျစ္စတန်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။
ပထမပိုင်းစတင်ယှဉ်ပြိုင်ချိန်တွင် ကာဂျစ္စတန်အသင်းမှဖိအားပေးကစားနိုင်ခဲ့ပြီး အဖွင့်ဂိုးကို ကာဂျစ္စတန်သင်းမှ ပွဲကစားချိန် ၄မိနစ်တွင်စတင်သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။ပထမပိုင်းတွင် မြန်မာအသင်းနောက်ခံလူများ၏အမှားများကျူးလွန်ခဲ့တာကြောင့် ၉မိနစ်၊ ၂ဝမိနစ် ၂၅ မိနစ် ၄၄မိနစ် တို့တွင် ပေးဂိုး ၅ ဂိုးအထိ ခွင့်ပြုခဲ့ရပြီး မြန်မာအသင်းအနေဖြင့် ဂိုးပေါက်ချိန်းခြောက်မူ တစ်ကြိမ်သာပြုလုပ်နိုင်ခဲ့ကာ ကာဂျစ္စတန်အသင်း ၏ ဖိအားပေးကစားခြင်းကို ခံခဲ့ရသည်။
ဒုတိယပိုင်းဆက်လက်ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းအနေဖြင့် တန်ပြန်တိုက်စစ်အနည်းငယ်သာပြုလုပ်နိုင်ခဲ့ပြီး ကာဂျစ္စတန် အသင်း၏ ကစားကွက်ကိုယှဉ်ပြိုင်နိုင်ခြင်းမရှိဘဲ ပွဲကစားချိန် ၇၁ မိနစ်တွင် ထပ်မံပေးဂိုးခွင့်ပြုခဲ့ရသည်။ထို့နောက် ၈၆မိနစ်အရောက်တွင် ပင်နယ်တီခွင့်ပြုခဲ့ရပြီး ကာဂျစ္စတန်အသင်းမှ အမှားအယွင်းမရှိသွင်းယူနိုင်ခဲ့သောကြောင့် မြန်မာအသင်းအနေဖြင့် ပေးဂိုး ၇ ဂိုးဖြစ်ခဲ့သည်။
မြန်မာလက်ရွေးစင်အသင်းအနေဖြင့် စက်တင်ဘာလ ၆ ရက်နေ့ က ကမ္ဘာဖလားခြေစစ်ပွဲဒုတိယပွဲ အုပ်စုအဖွင့်ပွဲအဖြစ် မွန်ဂိုလီယားအသင်းနှင့် အဝေးကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ရာ (၀-၁) ဖြင့်ရုှံးနိမ့်ခဲ့ပြီး ၊ ဒုတိယပွဲစဉ်အဖြင့် အိမ်ကွင်းသုဝဏ္ဏကွင်းတွင် အာရှအင်အာကြီးဂျပန်အသင်းကို လက်ခံကစားခဲ့ရာ (၀-၂) ဖြင့် ထပ်မံရှုံးနိမ့်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် အုပ်စု(စ) တွင် ၃ ပွဲကစားပြီးချိန်တွင် ရမှတ် သုံးည ၊ ပေးဂိုး ၁၀ ဂိုး ဖြင့် အုပ်စုအောက်ဆုံးအဆင့်တွင် ရပ်တည်နေပြီး တာဂျစ်ကစ်စတန် အသင်းမှ ရမှတ် ၆ မှတ်ဖြင့် အုပ်စုထိပ်ဆုံးတွင် ရပ်တည်လျှက်ရှိသည်။
မြန်မာအသင်းအနေဖြင့် ယခုပွဲစဉ်အပြီးတွင် တာဂျစ်ကစ်စတန် အသင်းကို နိုဝင်ဘာလ ၁၄ ရက်နေ့တွင် မန္တလေးမြို့ ၊ မန္တလာသီရီအားကစားကွင်းတွင် လက်ခံယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။