ရန်ကုန်။အောက်တိုဘာ ၉ ။ ။ မြန်မာနိုင်ငံရှိ အော်ပရေတာများစုပေါင်း၍ မိုလ်ဘိုင်းဖုန်းသုံးစွဲသူများကို မိုလ်ဘိုင်းဝန်ဆောင်မူများနှင့် ပတ်သက်၍ ပိုမိုသိရှိနားလည်စေရန် စာနယ်ဇင်းရှင်းလင်းပွဲအခမ်းနာကို အော်တိုဘာလ၉ရက်နေ့က Pullman Yangon Centrepoint တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် တယ်လီကွန်းအင်တာနေရှင်နယ် မြန်မာကုမ္ပဏီ လိမိတက်(Mytel) ၊ အော်ရီဒူးမြန်မာလီမိတက် ၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း( Mpt) ၊ တယ်လီနောမြန်မာလီမိတက် တို့မှ ယင်းတို့၏ ဝန်ဆာင်မူများအား ပိုမိုသိရှိနားလည်စေရန် ရှင်းလင်ပြောကြားခဲ့သည်။
" ကျွန်တော်တို့အော်ပရေတာတွေရဲ့ မိုလ်ဘိုင်းဝန်ဆောင်မှုတွေမှာ တစ်ချို့သုံးစွဲသူတွေ နားလည်မှု လွဲတာတွေ ရှိတယ်။ပြီးတော့ ဘေဖြတ်တောက်မှုနဲ့ ပတ်သက်တာတွေရှိတယ်။ဒါကြောင့် ဒီနားလည်မှု လွဲနေတာလေးတွေနဲ့ ပတ်သက်ပြီး၊စာနယ်ဇင်းတွေရဲ့ အကူအညီနဲ့ သုံးစွဲသူတွေသိရှိနားလည်အောင်ေအာ်ပရေတာတွေအားလုံး ပေါင်းပြီး တင်ပြတာပါ" ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း( Mpt) ၏ Corporate Affair Department ဦးမင်းယုအောင် က ဆိုသည်။
လိုင်စင်ရ ဆက်သွယ်ရေးအော်ရေတာများက သုံးစွဲသူတွေထံမှ ဖုန်းဘေများကို မမှန်မကန်ဖြတ်တောက် မှုများ ရှိနေသောကြောင့် အရေးယူမှုများ ပြုလုပ်ပေးရန် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပြည်သူ့လွှတ်တော် အစည်း အဝေး၌ တင်ပြဆွေးနွေးမှုများရှိခဲ့ပြီး၊ လိုင်စင်ရဆက်သွယ်ရေးအော်ရေတာများအနေဖြင့် သုံးစွဲသူအား အကာ အကွယ်ပေးရန် ညွှန်ကြားမှုများ ရှိခဲ့သည်။
" လွှတ်တော်ကလည်း ကျွန်တော်တို့ကို သုံးစွဲသူ အကာအကွယ်ပေးဖို့ ညွှန်ကြားတာတွေရှိပါတယ်။ ကျွန်တော် တို့အနေကလည်း ဒါတွေကို ပွင့်ပွင့်လင်းလင်း မြင်မြင်သာသာလုပ်ထားခဲ့တာပါ"ဟု အော်ရီဒူးမြန်မာ၏ Head of Corporate Communications ဦးတင့်နိုင်ထွန်း ကဆိုသည်။၏ထို့အပြင် အော်ပရေတာများအနေဖြင့် ဝန်ဆောင်မှုစာရင်းသွင်းခြင်းများ ၊ အသစ်ပြန်လည်ရယူခြင်းတို့တွင် သုံးစွဲ သူများထံမှအတည်ပြုချက်နှစ်ခါရယူြခင်း ၊ထပ်ဆောင်းဝန်ဆောင်မူများအတွက် စည်းမျဉ်းစည်ကမ်းများ စသည် တို့ကို သုံးစွဲသူများအတွက် အနှောင့်အယှက် မဖြစ်စေရန်ဆောင်ရွက်ပေးထားကြောင်း လိုင်စင်ရဆက်သွယ်ရေး အော်ပရေတာများက ပြောဆိုထားသည်။