ဇီဝဗေဒရဲ့ အဆန်းကြယ်ဆုံး၊ ပဟေဠိအဆန်ဆုံးတွေထဲက တစ်ခုဟာ အမျိုးသမီးတွေရဲ့ လိင်အထွဋ်အထိပ်ရောက်မှုလည်း အပါအဝင်ပဲ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ အိုဟိုင်းယိုပြည်နယ်က စင်စင်နက်တီတက္ကသိုလ်ရဲ့ သုတေသနပြုချက်တစ်ရပ်ဟာ အမျိုးသမီးတွေ အထွဋ်အထိပ် ရောက်ခြင်းရဲ့ ပဟေဠိဆန်းကြယ်မှုကို ဖြေရှင်းပေးနိုင်ဖွယ် ရှိလာပါပြီ။
ဒါကတော့ ယန်တွေဟာ လိင်ဆက်ဆံချိန်မှာ မျိုးဥအနည်းငယ် ထုတ်လွှတ်မှုရှိတာကို သုတေသနပြု တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။
လူသားမိန်းမတွေရဲ့ အထွဋ်အထိပ်ရောက်မှုဟာ သာယာမှုအလွန် မြင်သာတဲ့ ဖြစ်ပေါ်မှု မရှိတာအတွက် ကာလရှည် စူးစမ်းလေ့လာစရာ ဖြစ်နေခဲ့ပါတယ်။
အခု သုတေသနပြု တွေ့ရှိချက်အရ ယုန်တွေ အပါအဝင် အချို့သော တိရစ္ဆာန်မျိုးစိတ်တွေမှာ လိင်ဆက်ဆံချိန် မျိုးဥ ထုတ်လွှတ်မှု ရှိတာကို တွေ့ရှိတာ ဖြစ်ပါတယ်။
ဒီအတွက် လူသားမိန်းမတွေမှာလည်း လိင်ဆက်ဆံချိန် မျိုးဥထုတ်လွှတ်တဲ့ ဇီဝဖြစ်စဉ်မျိုး ရှိခဲ့ရာကနေ ဆင့်ကဲပြောင်းလဲခဲ့ရာမှာ ခုထိ လိင်အထွဋ်အထိပ် ရောက်ရှိချိန်မှာ အဲဒီ ဇီဝဖြစ်စဉ်ရဲ့ အလိုအလျောက် တုံ့ပြန်မှု ရှိနေတာ ဖြစ်နိုင်တယ်လို့ သုတေသနက ဆိုပါတယ်။
ဆိုလိုရင်းကတော့ ဆင့်ကဲပြောင်းလဲဖြစ်စဉ်မှာ လုံးဝအကုန်အစင် ပြောင်းလဲဖြစ်ပေါ်ခဲ့တာ မဟုတ်ဘဲ လိင်ဆက်ဆံစဉ် မျိုးဥ ထုတ်လွှတ်တဲ့ ဇီဝယန္တရားရဲ့ အကြွင်းအကျန်တွေ ဆက်ပြီး ရှိနေသေးဆဲ ဖြစ်တာကြောင့်လို့ အဆိုပါ သုတေသနပညာရှင်တွေက ကောက်ချက်ချထားပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/