စက်တင်ဘာ ၃၀ ။ ။ ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်မှာ စက်တင်ဘာ ၂၉ ရက်က ကျောင်းသား အများစုလိုက်ပါလာတဲ့ ပစ်ကပ် ထရပ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်၍ လူ ၁၃ ဦး သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
“ ၁၂ ယောက်ကတော့ ပွဲချင်းပြီး သေပါတယ်၊ ကျန်တဲ့ တစ်ယောက်ကတော့ ဆေးရုံမှာ ဆုံးသွားပါတယ်” ဟု ရဲအရာရှိတစ်ဦးဖြစ်တဲ့ ဆမ်ရန် ချေတောင်က အေအက်ဖ်ပီကို ပြောပါတယ်။
သေဆုံးသူတွေအနက် ကိုးဦးဟာ ကောလိပ်ကျောင်းသား အရွယ် ကျောင်းသား၊ ကျောင်းသူတွေ ဖြစ်ပြီး ၎င်းတို့ဟာ ပြည်တွင်းကုမ္ပဏီတစ်ခုအတွက် စက်မှုနည်းပညာ သင်တန်းတစ်ခု တက်ရောက်ပြီးစီးခဲ့ကြသူများဖြစ်တယ်လို့ သိရပါတယ်။
မတော်တဆမှုဖြစ်ခဲ့တဲ့ ယင်းကားပေါ်မှာတော့ စုစုပေါင်း လူ ၁၈ ဦး လိုက်ပါလာခဲ့တယ်လို့ ဆိုပါတယ်။
ယခုကဲ့သို့ လူသေဆုံးတဲ့ ယာဉ်မတော်တဆမှုတွေကတော့ ထိုင်းနိုင်ငံမှာ မကြာခဏ ဆိုသလို ဖြစ်ပွားလေ့ ရှိပြီး နိုင်ငံတွင်းရှိ လမ်းများတွေဟာလည်း ကမ္ဘာပေါ်မှာ လူသေဆုံးမှု များတဲ့ လမ်းတွေစာရင်းမှာ ပါဝင်နေလျက် ရှိပါတယ်။
အဓိကအားဖြင့် မြန်နှုန်းမြင့် မောင်းနှင်ခြင်း၊ အရက်သောက်ပြီး ကားမောင်းခြင်း၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဥပဒေ လိုက်နာမှု အားနည်းခြင်း တို့က ယင်းနိုင်ငံတွင် ယာဉ်မတော်ဆမှုများ ဖြစ်စေတဲ့ အဓိက အကြောင်းရင်းများ ဖြစ်နေလျက် ရှိပါတယ်။
Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/