ဖရန့်ဖတ် မိုးမျှော်တိုက်ပေါ် တက်ခဲ့တဲ့ ပြင်သစ် ပင့်ကူလူသားကို ဂျာမနီ ရဲတပ်ဖွဲ့ ထိန်းသိမ်း

By AFP
29 September 2019
ဖရန့်ဖတ် မိုးမျှော်တိုက်ပေါ် တက်ခဲ့တဲ့ ပြင်သစ် ပင့်ကူလူသားကို ဂျာမနီ ရဲတပ်ဖွဲ့ ထိန်းသိမ်း

စက်တင်ဘာ ၂၉ ။          ။ ပြင်သစ် ပင့်ကူလူသားလို့ လူသိများကြတဲ့ လူစွန့်စား အလိန်း ရောဘတ် ကတော့ နောက်ထပ် စွန့်စားမှုတစ်ခုကို ထပ်မံ ပြုလုပ်ခဲ့ပြန်ပါတယ်။

ဒါကတော့ ဂျာမနီနိုင်ငံရဲ့ ဘဏ္ဍာရေး အချက်အချာမြို့ ဖရန့်ဖတ်က မိုးမျှော်တိုက်ကြီးတစ်လုံးအပေါ်ကို တက်ခဲ့တာ ဖြစ်ပါတယ်။

စက်တင်ဘာ ၂၈ ရက်က အလိန်းရောဘတ်ဟာ ခွင့်ပြုချက် မတောင်းခံဘဲနဲ့ ယင်း အထပ်မြင့်တိုက်ပေါ်ကို လုံခြုံရေး ပစ္စည်းတွေ မပါဘဲ လက်ချည်းသက်သက် ကုတ်တွယ် တက်ခဲ့တာဖြစ်ပါတယ်။

ယင်းနောက် ၎င်းအပေါ် အပေါ်ဆုံးကို ရောက်ပြီး အောက်ကို ပြန်ဆင်းလာချိန်မှာပဲ ရဲဖမ်းခံလိုက်ရပါတယ်။

အသက် ၅၇ နှစ်ရှိ အလိန်းရောဘတ်ကတော့ နိုင်ငံအသီးသီးက မြင့်မားတဲ့ မိုးမျှော်တိုက်ကြီးတွေပေါ်ကို ခွင့်ပြုချက်မတောင်းဘဲ စွန့်စွန့်စားစား တက်ရတာကိုမှ ၀ါသနာကြီးသူ ဖြစ်သလို အထူးလည်း ကျွမ်းကျင်မှု ရှိသူဖြစ်ပါတယ်။

ယခု စွန့်စားမှုမှာတော့ ၁၅၄ မီတာ မြင့်တဲ့ ၄၂ ထပ် အဆောက်အအုံံအပေါ်ကို ၎င်းဟာ အချိန်နာရီဝက်အတွင်း တက်ပြခဲ့တာဖြစ်ပါတယ်။

Mizzima Key Campaign မှာ ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ Visit Our website: http://building.mizzimafoundation.org/

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly