မိသားစု၊ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေတဲ့ ကလေးသူငယ်တွေကို အကာအကွယ်ပေးဖို့နဲ့ မိသားစု ပြန်လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်လုပ်ဆောင်မဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးစီမံချက်ကို စက်တင်ဘာလ ၁၈ ရက်နေ့က စတင်မိတ်ဆက်လိုက်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ကူညီပံ့ပိုးမှုနဲ့ လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းလုပ်ဆောင်မဲ့ ဒီစီမံချက်ကို တိုင်းနဲ့ပြည်နယ် ခုနစ်ခုမှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
စီမံကိန်းမျှော်မှန်းချက်တော့ အန္တရာယ်ကျရောက်လွယ်တဲ့ မြန်မာနိုင်ငံက ကလေးသူငယ်တွေအတွက် ကလေးသူငယ်ကာကွယ်မှုစနစ် ပိုမိုအားကောင်းလာစေဖို့ ဖြစ်ပါတယ်။
ရိုက်ကူး၊တည်းဖြတ်- မင်းမင်း၊ မဇ္ဈိမ