NLD အမတ် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် မဲဆွယ်စဉ် တားမြစ်ခံရ

NLD အမတ် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများတွင် မဲဆွယ်စဉ် တားမြစ်ခံရ
နေပြည်တော်၊ ပညာသိဒ္ဓိရပ်ကွက်တွင် အောက်တိုဘာ ၁၄ရက်က စည်းရုံးရေးဆင်းနေသည့် NLD အမတ်လောင်း ဦးဖြိုးဇေယျာသော်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း)

နေပြည်တော်၊ အောက်တိုဘာ ၁၄ ။ ။ NLDအမတ် ဦးဖြိုးဇေယျာ်သော်သည် နေပြည်တော် အစိုးရဝန်ထမ်းများတွင် အောက်တိုဘာ ၁၄ရက်က မဲဆွယ်စည်းရုံးရာ တားမြစ်ခံရသည်ဟု ဦးဖြိုးဇေယျာသော်က ပြောသည်။

အောက်တိုဘာ ၁၄ရက် ညနေက ဇမ္ဗူသီရိမြို့နယ် ဝန်ထမ်းအိမ်ရာများရှိသည့် ပညာသိဒ္ဓိရပ်ကွက်တွင် အောင်နိုင်ရေးအဖွဲ့များနှင့် တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆွယ်စည်းရုံးစဉ် ရပ်ကွက်အုပ်ချုပ်ရေးမှူးက တယ်လီဖုန်းဖြင့် ဆက်သွယ်ကာ မဲဆွယ်မှု မပြုရန် တားမြစ်ခဲ့ခြင်းဖြစ်သည်။

ပညာသိဒ္ဓိရပ်ကွက်မှ အုပ်ချုပ်ရေးတာဝန်ရှိသူကလည်း ဝန်ထမ်းများနေထိုင်သည့် ရပ်ကွက်များအတွင်း နေပြည်တော်ကောင်စီမှ မဲဆွယ်စည်းရုံးခွင့်မပြုရန် စာထုတ်ထားခြင်းကြောင့် တားမြစ်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

“ကော်မရှင်အဖွဲ့ခွဲကို စာတင်ပြီးတော့မှ ဒီလိုမျိုးစည်းရုံးမှုတွေ မဲဆွယ်မှုတွေလုပ်နေတာ အဲ့တော့ ဒါသည် တရားဝင် လုပ်ကိုင်ဆောင်ရွက်လို့ ရတဲ့ကိစ္စဖြစ်တဲ့အတွက် ကျွန်တော်တို့ကတော့ ဆက်လက်ဆောင်ရွက်မယ်" ဟု ပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သည့် ဦးဖြိုးဇေယျာက ပြောသည်။

လက်ရှိ NLDအမတ်ဦးဖြိုးဇေယျာ်သော်သည် နေပြည်တော် ဝန်ထမ်းများနေထိုင်သည့် ဇမ္မူသီရိမြို့နယ် သဒ္ဓိရပ်ကွက်များတွင် ရုံးပိတ်ရက် စနေ၊ တနင်္ဂနွေနေ့များတွင် တစ်နေ့တာလုံး မဲတစ်အိမ်တက်ဆင်း မဲဆွယ်စည်းမှု ပြုလျက်ရှိပြီး ကျန်ရုံးဖွင့်ရက်များတွင် ရုံးဆင်းချိန် ညနေပိုင်းအချိန်းများတွင် ဝန်ထမ်းများနှင့် တွေ့ဆုံမိတ်ဆက်၍ မဲဆွယ်စည်းရုံးနေသည့် အမတ်ဖြစ်သည်။

နေပြည်တော်ကောင်စီနယ်မြေဇမ္မူသီရိမြို့နယ်တွင် ဝန်ထမ်းများနေထိုင်သည့် ရပ်ကွက်(၉)ရပ်ကွက်ရှိပြီး ဝန်ထမ်များနေထိုင်သည့် ရပ်ကွပ်နာမည်များကို ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ သုခသိဒ္ဓိရပ်ကွက်၊ ဉာဏသိဒ္ဓိ ရပ်ကွက်၊ ပညာသိဒ္ဓိရပ်ကွက်၊ မင်္ဂလာသိဒ္ဓိ ရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်၊ ဗလသိဒ္ဓိ ရပ်ကွက်၊ ဘောဂသိဒ္ဓိ ရပ်ကွက် အမည့်မှည်ထားသည်။    

လက်ရှိအမတ်ဖြစ်သူ ဦးဖြိုးဇေယျာသော်သည် လာမည့်ရွေးကောက်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ပြည်ခိုင်ဖြိုးပါတီမှ ဆက်သွယ်ရေး ဝန်ကြီး ဟောင်း ဦးမြတ်ဟိန်း၊ တ.စ.ညပါတီမှ ဦးကျော်အေး၊ အမျိုးသားဒီမိုကရေစီအင်အားစုမှ  ဦးအောင်ခိုင်မိုးတို့နှင့် ယှဉ်ပြိုင်ရည်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly