ကုန်တင်ကားတစ်စီး ယာဉ်မတော်တဆမှုဖြစ်ပွားကာ သေဆုံးသွားသူတွေရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို သြဂုတ်လ ၂၅ ရက်က စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကားလေးကွင်းရှိ မော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲရေးကော်မတီရုံးမှာ ထောက်ပံကြေး ပေးအပ်ခဲ့ပါတယ်။
သေဆုံးသွားခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေကို တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီ ထောက်ပံ့ပေးခဲ့ပြီး အခုလိုထောက်ပံ့ပေးတာက ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
သြဂုတ်လ ၁၃ ရက်က ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ၂၉၅ မိုင်တိုင်အနီးမှာ ယာဉ်တိုက်မှုဖြစ်ပွားပြီး သေဆုံးခဲ့ကြတာ ဖြစ်ပါတယ်။
မုံရွာမြို့ မော်တော်ယာဉ်စနစ်တကျပြေးဆွဲရေ ကော်မတီမှာ ကုန်တင်ကားအသင်း ၁၆ သင်း၊ ကားအစီးရေ ၉၀ နီးပါး၊ ခရီးသည်တင်ကားအသင်း ၆၁ သင်း၊ ကားအစီးရေ ၁၀၀ ကျော်နဲ့ သုံးဘီးဆိုင်ကယ်အသင်း နှစ်သင်း မှတ်ပုံတင်အသင်းဝင်ထားတယ်လို့ သိရပါတယ်။
ရိုက်ကူး၊တည်းဖြတ်-ဘုန်းနိုင်ဖြိုး