နာမည်ကျော် ဖက်ရှင်ဒီဇိုင်နာ ဗစ်တိုရီးယား ဘက်ခမ်းသည် နိုဝင်ဘာလထုတ် German Vogue မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဒုတိယအဝကိမ်မြောက် ဓာတ်ပုံ အရိုက်ခံခဲ့သည်။
အသက် ၄၁ နှစ်အရွယ်ရှိ ဗစ်တိုရီးယား ဘက်ခမ်းသည် အဖြူရောင်ရှပ်အင်္ကျီကို သိုင်းကြိုးပါ သော ဘောင်းဘီရှည်နဲ့ တွဲဖက် ဝတ်ဆင်ထားကာ ရိုက်ထားသည့်ပုံကို ၎င်း၏ Instagram စာမျက်နှာ တွင် တင်ခဲ့သည်။
ဗစ်တိုရီးယား ဘက်ခမ်းသည် လက်ထပ်လက်စွပ်ကို ဝတ်ဆင်ထားပြီး အဖြူရောင် ချိုင်းပြတ်ဂါ ဝန်ကို ဝတ်ဆင်ထားကာ မျက်နှာပေါ်တွင် ဆံပင်များကို ကပိုကယိုချထားပြီး ညို့ဓာတ်အား ပြင်းသော ရိုက်ချက်များဖြင့် ဓာတ်ပုံ ရိုက်ထားသည်။
အဆိုပါ ဓာတ်ပုံများကို အိုင်ယာလန် ဓာတ်ပုံဆရာ ဘိုဂျော့က လန်ဒန်မြို့တွင် ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ Spice Girl အမျိုးသမီးအဆိုတော် အဖွဲ့ဝင်ဟောင်း ဗစ်တိုရီးယား ဘက်ခမ်းကို ဗြိတိန်၏ ထိပ်တန်း ဒီဇိုင်နာတစ်ဦးဘဝ ရောက်ရှိခဲ့ပုံ အကြောင်းကို မေးမြန်းခဲ့သည်။
“ကျွန်မ ဒီဇိုင်နာအလုပ်ကို စလုပ်ကတည်းက အမြဲတမ်း လုပ်သွားမယ်ဆိုတဲ့ ခံယူချက်နဲ့ စလုပ် ခဲ့တယ်။ ကျွန်မက ဒီဇိုင်နာအလုပ်နဲ့ ပတ်သက်လာရင် အရမ်း ဝါသနာကြီးတယ်” ဟု ဗစ်တိုရီးယား ဘက်ခမ်းက ဖြေကြားခဲ့သည်။
“ကျွန်မက ပြီးပြည့်စုံတဲ့ ဝတ်စုံတစ်စုံကို ရိုးရိုးရှင်းရှင်း ဖန်တီးလိုတယ်။ ဝတ်စုံကို ဝတ်လိုက်တဲ့ အခါ သက်တောင့်သက်သာ ရှိရမယ်။ ဝတ်ဆင်သူဟာ ကျွန်မချုပ်တဲ့ ဝတ်စုံပေါ်ကို မှီခိုအားထားနေရ မယ်။ အပြင်ထွက်တဲ့ အခါမှာလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေရမယ်” ဗစ်တိုရီးယားက ပြောကြား ခဲ့သည်။
ဗစ်တိုရီးယား ဘက်ခမ်းသည် British Designer Brand of the Year ဆုကို နှစ်ကြိမ်ရရှိထား သူ ဖြစ်သည်။ ဗစ်တိုရီးယားဘက်ခမ်း မျက်နှာဖုံးဓာတ်ပုံကို အောက်တိုဘာ ၁၄ ရက်တွင် ထွက်ရှိမည့် German Vogue မဂ္ဂဇင်းတွင် ဖော်ပြသွားမည်ဖြစ်ပြီး ဗစ်တိုရီးယား ဘက်ခမ်းအကြောင်း အချပ်ပိုကို လည်း ဖော်ပြသွားမည် ဖြစ်သည်။