လွေးငင်းဟာ ပြီးခဲ့တဲ့ ၂ဝ၁၁ ခုနှစ်မှာ လူကုန်ကူးခံရလို့ တရုတ်ပြည်မှာ (၉) နှစ်ကြာ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဧပြီလတုန်းကပဲ ရွာပြန်နိုင်အောင် ကြိုးစားရုန်းကန်ပြီး ပြန်လာခဲ့ပါတယ်။
သူမအသက် ၁၆ နှစ်ကတည်းက လူကုန်ကူးခံရတာဖြစ်ပြီးတော့ လက်ရှိမှာ အသက် ၂၅ နှစ် ရှိပါပြီ။ သူမအကြောင်းကို ရွှေဖီမြေသတင်းထောက် မိုင်းအနိုင်က ရိုက်ကူးတင်ဆက်ထားပါတယ်။