မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်တွင်ဖြစ်ပွားနေသော သဘာဝဘေးအန္တရာယ်အတွင်း ခံစားနေရသော ပြည်သူ များကို ဝိုင်းဝန်းကူညီရန် မန္တလေးမြို့၊ မြို့မိမြို့ဖများ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုအဖွဲ့များ၊ ဘာသာ ပေါင်းစုံအစုအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များ စုပေါင်းကာ သဘာဝဘေး ကူညီလှူဒါန်းရေးအဖွဲ့ ဖွဲ့စည်းပြီး သြဂုတ်လ ၁၇ ရက်နေ့တွင် သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရသည်။
ရိုက်ကူး ဘိုဘို မဇ္ဈိမ
အဆိုပါအဖွဲ့ကို သြဂုတ်လ ၁၁ ရက်နေ့တွင်စတင်ဖွဲ့စည်းလိုက်ပြီး ၊မန္တလေးမြို့၊၆၂ လမ်း၊၃၃-၃၄ လမ်းကြားရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရှေ့တွင် အလှူခံဌာနဖွင့်လှစ်ကာ အလှူငွေများကောက်ခံလျက်ရှိပြီး ပြည်သူများ အနေဖြင့် သဘာဝဘေးဒဏ်သင့် ပြည်သူများကို တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီရန် နှိုးဆော်လျှက်ရှိသည်။